မင်းလှမြို့နယ်၌ ရေနံလက်ယက်တွင်းများ တရားမဝင်လုပ်ကိုင်နေသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးအရေးယူထား - MyanmarNationalPost

.com/img/a/

News Agency

demo-image

မင်းလှမြို့နယ်၌ ရေနံလက်ယက်တွင်းများ တရားမဝင်လုပ်ကိုင်နေသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးအရေးယူထား

050-01

050-02

050-03

နေပြည်တော်၊ မတ် ၈

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ မတ်လ ၅ ရက်နေ့က ရေနံလက်ယက်တွင်းများ တရားမဝင်လုပ်ကိုင်နေသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မင်းလှမြို့နယ်အတွင်း ရေနံလက်ယက်တွင်းများ တရားမဝင် လုပ်ကိုင်နေကြောင်းသတင်းအရ ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ နယ်မြေအတွင်း လိုက်လံစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ရေနံမကျေးရွာအနီး၌ အဆိုပါကျေးရွာနေ မိုးဆွေ(၄၇)နှစ်အား မြင်းကောင်ရေ ၂၅ ကောင် တရုတ် အင်ဂျင်စက်ဖြင့် ကလပ်ခုံတွဲလျက် တိုင်ကီပိုင်းအား ရေကန်ပြုလုပ်၍ ရေနံကျင်း ၁ ကျင်း၊ ရေနံစိမ်း ၄ ဂါလံခန့်ထည့်ထားသော ပလတ်စတစ်ပုံး ၁ ပုံးနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊

အလားတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဓာတ်ကုန်းကျေးရွာအနီး ဒေသအခေါ် (ကျွန်းတော)တွင် မင်းဘူးမြို့နယ်၊ သပ္ပယ်ကျေးရွာနေ ခင်အောင်(၄၅)နှစ်အား မြင်းကောင်ရေ ၂၅ ကောင် တရုတ်အင်ဂျင်စက်ဖြင့် ကလပ်ခုံတွဲလျက် တိုင်ကီပိုင်းအား ရေကန်ပြုလုပ်၍ ရေနံကျင်း ၁ ကျင်း၊ ရေနံစိမ်း ၅ ဂါလံခန့်ထည့်ထားသော ပလတ်စတစ်ပုံး ၁ ပုံးနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် မိုးဆွေနှင့်ခင်အောင်တို့ ၂ ဦးအား ရေနံမနယ်မြေရဲစခန်း၌ ရေနံလက်ယက်တွင်းဥပဒေပုဒ်မ ၁၉ ဖြင့် လည်းကောင်းအသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages