သံတောင်ကြီး၊ မတ် ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ လူအသွားလာများသည့် နေရာများ၊ ဈေးဆိုင်များတွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၈-၃-၂၀၂၄ ရက်နေ့(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်၊ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်၊ တပ်မတော်၏အစဉ်လာကောင်း(၁၂)ရပ်၊ ချစ်ညီစစ်သည်တို့ကဗျာစသည့်အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost
No comments:
Post a Comment