ညောင်ဦး၊ မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြင်းကပါကျေးရွာရှိ မနုဟာဘုရားကြီး ထီးတော်နှင့်အရံစေတီများ ရွှေသင်္ကန်း ကပ်လှူပူဇော်မည်ဖြစ်ကြောင်း မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံကသိရသည်။
မနုဟာဘုရားကြီး ထီတော်နှင့်အရံစေတီ ၂၇ ဆူရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ရုံးခန်း၌ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက မနုဟာဘုရားကြီးရွှေသင်္ကန်းမကပ်လှူမှီ ရွှေမိုက်ထုတ်လေမိုက်တင်ဒါခေါ်ယူနိုင်ရေး လေလံစည်းကမ်းချက်များနှင့်အညီ နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့်အညီ ခေါ်ယူနိုင်ရေးနှင့်သတ်မှတ်ရက် အတွင်းပြီးစီးနိုင်ရေး အမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်းက ငြမ်းစင်ခြင်းလုပ်ငန်း သတ်မှတ်ရက်ပြီးစီးနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြသည်။ ပြီးနောက် တက်ရောက်လာသည့် ရွှေသင်္ကန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရွှေပညာရှင်များက ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြကြရာ ရွှေမိုက်ထုတ်ချိန်၊ ရွှေဆိုင်းလေလံခေါ်ယူချိန် သတ်မှတ်စည်းကမ်းချက်များဖြင့် ပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment