နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုအလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့ဆိုင်ရာ ကြိုတင် ပြင်ဆင်ရေးကော်မရှင်နှင့် အာဆီယံ-ဗီယင်နာကော်မတီတို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုအလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့ဆိုင်ရာ ကြိုတင် ပြင်ဆင်ရေးကော်မရှင်နှင့် အာဆီယံ-ဗီယင်နာကော်မတီတို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက်

039

040

041


ဗီယင်နာ၊ မတ် ၁၃

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက်  နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုအလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့ (CTBTO) ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကော်မရှင်နှင့် အာဆီယံ-ဗီယင်နာကော်မတီ (AVC) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ၁၂-၃-၂၀၂၅ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ (VIC) ရှိ CTBTO အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် အခြားအာဆီယံအဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။ 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ကော်မရှင်၏အမှုဆောင်အတွင်းရေးမှူး Dr. Robert Floyd နှင့် AVC ၏ အမြဲတမ်းကိုယ်စားလှယ်များသည် နိုင်ငံတကာ နျူကလီးယားစမ်းသပ် ဖောက်ခွဲမှုများကို စောင့်ကြည့်သည့်စနစ်များ ရေရှည်ထိန်းသိမ်းလည်ပတ်နိုင်ရေးနှင့် အမျိုးသားဒေတာစင်တာများ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို အလေးထားလျက် CTBTO နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် အမှု ဆောင်အတွင်းရေးမှူး၏ အာဆီယံဒေသတွင်းခရီးစဉ်များ စီစဉ်ထားမှုတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထို့နောက် AVC ၏ အမြဲတမ်းကိုယ်စားလှယ်များနှင့် လုပ်ငန်းအဖွဲ့အရာရှိများသည် VIC ရှိ CTBTO ၏ International Data Centre နှင့် အခြား facilities များသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages