ချမ်းအေးသာစံ၊ မတ် ၂၈
နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ နန်းမြို့အတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊အရာရှိ၊ အရာခံ၊အကြပ်၊စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့်ချီတက်လာမည့် စစ်ရေးပြတပ်ခွဲများအားအောင်သပြေခက်ဖြင့်အန္တရာယ်ကင်း ပရိတ်ရေများဖျန်းပက်ချီးမြှင့်ပေးတော်မူကြမည့် ဆရာတော်၊ သံဃာ တော်များ၊ ဂုဏ်ပြုပန်းကုံးစွပ်၍ ချီးမြှင့်ပေးကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၇၀၀၀) ကျော်ခန့်တက်ရောက်ကြသည်။
ရှေးဦးစွာ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြတပ်ခွဲများသည် စုရပ်နေရာမှ နန်းမြို့ ကျောက်တိုင် စစ်ရေးပြကွင်းသို့ ချီတက်ကြရာနန်းမြို့ရိုး၏ အရှေ့ဘက်နှင့်တောင်ဘက်ရှိ ရတနာပုံဥယျာဉ်လမ်း တလျှောက် ဆရာတော်၊ သံဃာတော်များက အောင်သပြေခက်ဖြင့် အန္တရာယ်ကင်းပရိတ်ရေများ ဖျန်းပက်ချီးမြှင့်ပေးတော်မူကြခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက နိုင်ငံတော်အလံ၊ တပ်မတော်အလံများ ဝှေ့ယမ်း၍သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးစွပ်ခြင်းများကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ နန်းမြို့ကျောက်တိုင်စစ်ရေးပြကွင်း၌ အခမ်းအနားတက်ရောက်လာသူများနှင့်အတူ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း နှင့် တိုင်းမှူးမှ တပ်မတော်နေ့မိန့်ခွန်း ပြောကြားခြင်းတို့ကို စစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ သည်။
ယင်းနောက် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြတပ်ခွဲဆု၊ စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ လက်နက်ငယ်ကျွမ်းကျင် ပြိုင်ပွဲဆုများချီးမြှင့်ခြင်း၊ စစ်သည်များ အဆင့်တိုးမြှင့်ပေးခြင်းအခမ်းအနားကို နန်းမြို့အတွင်းရှိ ရန်အောင်မြင်ခန်းမတွင် ဆက်လက် ကျင်းပရာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြတပ်ခွဲဆု၊ စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ လက်နက်ငယ်ကျွမ်းကျင်ပြိုင်ပွဲ များတွင် ဆုရရှိသူများနှင့် အဆင့်တိုးရရှိသည့် စစ်သည်များအား ဆုများပေးအပ်ခြင်း၊ အဆင့်တိုးမြှင့် တပ်ဆင်ပေးခြင်းများ အသီးသီးဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုညစာစားပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment