ပင်လောင်းမြို့နယ်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို‌နေမှုအား လာရောက်ကြည့်ရှုအားပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပင်လောင်းမြို့နယ်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို‌နေမှုအား လာရောက်ကြည့်ရှုအားပေး


1


ပင်လောင်း ,  မတ် ၂၂


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဒေသအဆင့်ပညာရေးမှူး ဦးအောင်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်း နောင်တရားစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို လာရောက်ကြည့်ရှုအားပေးပြီး အ.ထ.က နောင်တရား ဘင်ခရာအဖွဲ့အား ဘင်ခရာပစ္စည်းပေးအပ်ခဲ့ကြောင်း၊ ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အခြေခံပညာအထက်တန်းကျောင်း ပင်ခွန်ကျောင်းစာစစ်ဌာနသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages