မဟာအောင်မြေ , မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာန(၂) ခုတွင် ဖြေဆိုမည့် အမှတ်(၁၃) အ.ထ.က ကျောင်းသား၊ သူ(၇၀၉) ဦးနှင့် အမှတ်(၂) အ.ထ.ကခွဲ ကျောင်းသား၊ သူ (၃၉၄)ဦး စုစုပေါင်း(၁၁၀၃)ဦးအား မတ်လ (၁၇)ရက်နေ့တွင် ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရန် စာစစ်ဌာနပတ်ဝန်းကျင်၌ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment