အမေရိကန်က လက်နက်တွေ မထောက်ပံ့မှာကို အီးယူခေါင်းဆောင်တွေ စိတ်ပူနေရပြီ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

အမေရိကန်က လက်နက်တွေ မထောက်ပံ့မှာကို အီးယူခေါင်းဆောင်တွေ စိတ်ပူနေရပြီ

006

မတ် - ၂၄ ( တနင်္လာနေ့ ) 

ဥရောပရှိ အမေရိကန်ရဲ့ နေတိုးမဟာမိတ်များအသုံးပြုနေတဲ့ အမေရိကန်လုပ်လက်နက်စနစ်များကို ထရမ့် အစိုးရက ပံ့ပိုးပေးခြင်း ရပ်တန့်သွားမှာကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများက စိုးရိမ်နေကြကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက မနေ့က ဖော်ပြခဲ့ပါတယ်။ 

အမေရိကန်သည် မကြာသေးမီနှစ်များအတွင်း ဥရောပ၏ လက်နက်တင်သွင်းမှု၏ သုံးပုံနှစ်ပုံနီးပါးကို ထောက်ပံ့ပေးခဲ့ပါတယ်။ ကာကွယ်ရေးဆိုင်ရာစနစ် တော်တော်များများကို အမေရိကန် ဝန်ထမ်းတွေက ထိန်းသိမ်းပြီး လည်ပတ်နေတာပါ။ အမေရိကန်က ထောက်ပံ့မှုတွေရပ်တန်လိုက်မယ် ဆိုတာနဲ့ ဥရောပက ကာကွယ်ရေး ပစ္စည်းတော်တော်များများ က အလုပ်လုပ်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ ဘာကြေင့်လဲဆိုတော့ အဲ့ဒိကာကွယ်ရေးပစ္စည်းတွေမှာ အမေရိကန်ထုတ်တွေက တစ်စိတ်တစ်ပိုင်း ပါဝင်နေလို့ပါပဲ။ အစားထိုးမယ်ဆိုရင်တောင် မလွယ်ကူတဲ့အခြေအနေပါ။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နဲ့ အီးယူကြား ဆက်ဆံရေး တင်းမာမှုကြောင့် နေတိုးမှာရှိတဲ့ အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်၊ ထောက်လှမ်းရေး လေယာဉ်၊ မောင်းသူမဲ့လေယာဉ်များနှင့် တိုက်လေယာဉ်များ လည်ပတ်ဖို့ဆိုရာ မဖြစ်နိုင်တော့တာမို့လို့ တာဝန်ရှိသူများက စိုးရိမ်နေကြရတာပါ။ ကာကွယ်ရေးပစ္စည်း အစိတ်အပိုင်းများ၊ ဆော့ဖ်ဝဲလ်များ နဲ့ ဒေတာများဝင်ရောက်ခွင့်ကို ပိတ်ဆို့ထားပါက အချို့သော အမေရိကန်လုပ် ပလပ်ဖောင်းများက အသက်ဝင်တော့မှာ မဟုတ်တော့ပါဘူး။  

“သမ္မတ ထရမ့် က ခလုတ်တစ်ချက်နှိပ်ရုံနဲ့ လေယာဉ်အားလုံး ကောင်းကင်ကနေ ပြုတ်ကျမှာ မဟုတ်ဘူး။ ဒါပေမဲ့ အထူးသဖြင့် ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေးကိစ္စတွေမှာ အမေရိကန်ကို မှီခိုနေရတဲ့ ပြဿနာ တစ်ခုတော့ရှိပါတယ်” လို့  EU အရာရှိတစ်ဦးက ဆိုပါတယ်။ အမေရိကန်ရဲ့ ပံ့ပိုးမှု ဖြတ်တောက်ခံရရင် ဆိုတဲ့ကိစ္စက နေတိုးအဖွဲ့ဝင်နိုင်ငံအများအပြား အနေနဲ့ ၎င်းတို့၏ လက်နက်များကို ပြန်လည်သုံးသပ်နေရပါပြီ။ 

ပြင်သစ်သမ္မတ အမ်မာနျူမာခွန်က နေတိုးအဖွဲ့အား  အမေရိကန်လက်နက်များဝယ်ယူခြင်းကို ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အနေနဲ့ အမေရိကန် သွင်းကုန်တွေအပေါ် ဆက်လက်မှီခိုနေပါက ဥရောပ၏ လက်နက်တပ်ဆင်မှုသည် အဓိပ္ပာယ်မရှိ တော့ဘူးလို့ စောဒက တက်ထားပါတယ်။ 

ဒိန်းမတ်ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ရက်စမတ် ဂျားလောဗ် က ကိုပင်ဟေဂင်အစိုးရအနေနဲ့ အမေရိကန်လုပ် F-35 တိုက်လေယာဉ်များကို ဝယ်ယူခဲ့ခြင်းအတွက် နောင်တရမိကြောင်း ပြောကြား သွားပါတယ်။ 

လက်ရှိ “ပထဝီဝင်နိုင်ငံရေးအခြေအနေ” ကို ကိုးကား၍ F-35 တိုက်လေယာဉ်များ ဝယ်ယူမည့် အစီအစဉ်ကို ပေါ်တူဂီက ဖျက်သိမ်းလိုက်ပါတယ်။ ယူကေဝန်ကြီးချုပ် ကီယာစတာမာ သည် စစ်ဘက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တွန်းအားပေးမှုကို ကျောထောက်နောက်ခံပြုခဲ့ ပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages