မော်စကို၊ မတ် ၁၈
ရုရှားအနေဖြင့် ယူကရိန်းနှင့် သက်ဆိုင်သည့် မည်သည့်သဘောတူညီချက်တွင်မဆို အမေရိကန်နှင့် နေတိုးအဖွဲ့ထံမှ ခိုင်မာသော လုံခြုံရေးအာမခံချက်များကို ထည့်သွင်းတောင်းခံမည်ဖြစ်ကြောင်း မတ် ၁၆ ရက်က ပြည်တွင်းမီဒီယာနှင့် အင်တာဗျူးတစ်ခု၌ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရက်ရှ်ကိုက ပြောကြားခဲ့သည်။
ယူကရိန်း၏ ကြားနေအဖြစ်တည်ရှိရေး၊ ယူကရိန်းအား နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံရေးတို့က အဆိုပါ အာမခံချက်များတွင် အဓိကပါဝင်ရမည်ဖြစ်ကြောင်း ဂရက်ရှ်ကိုက ဆိုသည်။
နေတိုးအဖွဲ့၏ အရှေ့ဘက်စစ်နံရှိ တပ်ဖွဲ့ဝင်အရေအတွက်မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်ဆတိုးလာသည့်အတွက် ရုရှားအပေါ် သိသိသာသာ ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ဥရောပနိုင်ငံများ၏ လက်နက်ပြန်လည်တပ်ဆင်နေဆဲ အခြေအနေက ရုရှား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများက လိုအပ်သည်ဟု ယူဆမှသာလျှင် ယူကရိန်း၌ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရေးအတွက် ဖြစ်နိုင်ခြေရှိလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ (အီးယူ) ဘက်က ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း အရိပ်အမြွက်ပြသမည်ဆိုလျှင် ရုရှားအနေဖြင့်လည်း သီးခြားဆွေးနွေးမှုများအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment