ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လမ်းညွှန်မှာကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လမ်းညွှန်မှာကြား

034-01

နေပြည်တော်၊ မတ် ၂၄

အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်အတွက် လမ်းညွှန်းမှာကြားသွားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှာကြားချက်တွင် "စီမံကိန်းများနှင့်ပတ်သက်၍ ဒေသအလိုက်လုံခြုံမှုများရှိစေရေး တာဝန်ရှိသည့် အဖွဲ့အစည်းများအားလုံးက ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုံခြုံမှုရှိမှသာ ရင်းနှီး မြှုပ်နှံမှုများ တိုးတက်များပြားလာမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနည်းပါး ခြင်းကြောင့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်၍ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ 

လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံရေးစနစ်ကောင်းမွန်လာပါက ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းများ အောင်မြင်စေရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခြင်း ဖြစ်သည်။

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအင်အားကောင်း မွန်ရန်အတွက် ဂျီဒီပီကိုရည်မှန်းထားသည့်အတိုင်းရရှိရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများတွင် ရည်မှန်းထား သည့်ရလဒ်များ ရရှိစေရေး လက်တွေ့ကျကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့ အရေးကို ရှေ့တန်းတင်ပြီး အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် မိမိတို့အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများကို ထင်သာမြင်သာ ရှိပြီး ပြည်သူများအကျိုးကျေးဇူး ရရှိခံစားနိုင်ရန်နှင့် လုပ်ဆောင်ချက်များ အားလုံးကို မှတ်ကျောက်တင်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages