ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

012

013

014

ပြည်၊ မတ် ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့နယ် ကြို့ရပ်သာကျေးရွာ၌ ဦးအောင်ဇင်မင်း A One Engineering Group မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လူမောင်းနှင်ရွှေ့ပြောင်းနိုင်သည့် စပါးခြွေလှေ့စက်တည်ဆောက်နေမှုနှင့် လက်တွေ့စမ်းသပ်မောင်နှင်မှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူတစ်ပိုင်တစ်နိုင် လယ်ယာသုံးစက်ကိရိယာများ ဘက်စုံထုတ်လုပ်သွားရန်၊ ပြည်တွင်းမှထုတ်လုပ်သည့် စက်ပစ္စည်းများ အစားထိုးသုံးစွဲရန်နှင့် နည်းပညာရရှိရေး ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့နယ်တွင်း ဗြည်းကျေးရွာအုပ်စု၌ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မှသာ တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်၍ တစ်နှစ် (၃)သီး မဖြစ်မနေစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့နယ် မှော်စာကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေလျှံတွင်း (၂၀) တူးဖော်ပေးခဲ့မှုကြောင့် ကြက်သွန်နီ ဧက (၂၀၀) စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကြက်သွန်နီပြီးပါက ပဲတီစိမ်း၊ မတ်ပဲစိုက်ပျိုးရန်၊ စိုက်ပျိုးရေအား အကျိုးရှိရှိ စနစ်တကျသုံးစွဲရန်နှင့် မြေလပ်မရှိစိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages