ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ ဘိုကလေးမြို့နယ် အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲသို့ တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ ဘိုကလေးမြို့နယ် အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲသို့ တက်ရောက်

084

085

086

087


ဘိုကလေး၊ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ ကုလားကြီးချောင်းကျေးရွာတွင် အဝေးပြေးယာဉ်ရပ်နားစခန်းအား နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် (၉) နာရီအချိန်၌ ဖွင့်ပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့နယ်အပါအဝင် ဖျာပုံခရိုင်အတွင်းမှ မြို့နယ်များ၏ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ အဝေးပြေးယာဉ်ရပ်နားစခန်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြပြီး အဝေးပြေးယာဉ်ရပ်နားစခန်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဖွင့်ပွဲသို့တက်ရောက် ဂုဏ်ပြုဖျော်ဖြေကြသည့် ဘင်ခရာ၊ ပန်ပွား၊ ဒိုး၊ ကရင်ရိုးရာအဖွဲ့များ ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး ဖွင့်ပွဲတက်ရောက်လာကြသူများနှင့်အတူ ယာဉ်ရပ်နားစခန်းအတွင်းရှိ ယာဉ်များပြေးဆွဲမှုအခြေအနေများ၊ ယာဉ်လိုင်းဂိတ်များအား လှည့်လည်ကြည်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားအား ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုကဲ့သို့ ယာဉ်ရပ်နားစခန်းဖွင့်လှစ်လိုက်ခြင်းသည် မြို့အင်္ဂါရပ်အား ပိုမိုတင့်တယ်ညီညွတ်စေကြောင်း၊ ယာဉ်ရပ်နားစခန်းအတွင်းရှိ ဆက်လက်ဆောက်လုပ်ရန်ကျန်ရှိနေသည့် အဆောက်အဦးများကိုလည်း အမြန်ဆုံးဆက်လက်တည်ဆောက်ကြရန် လမ်းညွှန်အမှာစကားပြောကြားပြီး ဘိုကလေးမြို့နယ် အဝေးပြေးယာဉ်ရပ်နားစခန်းကြီးကြပ်မှုကော်မတီ၊ တွဲဘက်အတွင်းရေမှူး ဦးစိုးသူက အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရခြင်းနှင့် ပတ်သတ်သည်များအား ရှင်းလင်းပြောကြားခြင်းနှင့် ဒေသခံပြည်သူတစ်ဦးကလည်း ယာဉ်ရပ်နားစခန်း တည်ဆောက်ဖွင့်လှစ်ပေးသည့်အပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်ခဲ့သည့် ယာဉ်ရပ်နားစခန်းသည် (၂၀၁၅)ခုနှစ်မှစတင်၍ မြေဧကအကျယ် (၅)ဧက၌ ကုန်ကျငွေ ကျပ်သိန်းပေါင်း (၁)သောင်းကျော် အကုန်အကျခံ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယာဉ်ရပ်နားစခန်းအတွင်း ဘိုကလေး-နေပြည်တော်၊ ဘိုကလေး-ပုသိမ်၊ ဘိုကလေး-ရန်ကုန် ပြေးဆွဲသည့် ယာဉ်လိုင်းများ စတင်ပြေးဆွဲ၊ ရပ်နားနေပြီဖြစ်ကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages