နေပြည်တော်၊ မတ် ၁၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မတ် ၁၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ ယာဉ် ၁၈ စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်း သုံးပစ္စည်း ၃၅ မျိုး၊ လူသုံးကုန်ပစ္စည်း ၂၇ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၄၇၅၂၂၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck နှစ်စီး၊ စက်မှုဇုန်ထုတ် Pyay Truck နှစ်စီး၊ Hino Truck တစ်စီး၊ Dong Feng Tractor Head လေးစီး၊ Man Tractor Head သုံးစီး၊ Nissan Diesel Tractor Head တစ်စီး၊ Volvo Tractor Head တစ်စီး၊ Dayun Tractor Head တစ်စီး၊ Isuzu Giga Tractor Head တစ်စီး၊ Chenglong Tractor Head တစ်စီး၊ Hyundai Tractor Head တစ်စီး နှင့် နောက်တွဲယာဉ် ၁၃ တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၅၀၀၀၀၀၀) (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၈၉၇၅၂၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုက်မရောပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၈၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux တစ်စီး၊ Mitsibishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၈၈၆၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင် အတွင်း၌ တရားမဝင်အခြားသစ် သုညဒသမ ၉၁၉ တန် (ခန့်မှန်း တန်ဖိုးငွေ ၁၂၄၉၈၄ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့၌ လိုင်စင်မဲ့ဆိုင်ကယ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀)ကို ပို့ကုန်၊ သွင်းကုန် ဥပဒေအရလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၂၀၂၄၉၈၄ ကျပ်) ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
မတ် ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ် ၌ မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားရောက်မည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော လက်ကောက်ကွင်းကြမ်း ဆိုဒ်စုံ ၈၀၄ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၇၂၈၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Foton Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၇၂၈၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီး တို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းငါးမျိုး၊ စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၈၉၂၀၀၀)နှင့် အဆိုပါပစ္စည်း များတင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀) (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၈၉၂၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
မတ် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်း မှာ အမှုတွဲ ၅၁ မှု (ခန့်မှန်းတန်ဖိုး ငွေ ၁၉၇၄၂၈၃၁၈၄ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး ပန်းတိုင်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် သိသာစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှရရှိသည့် အခွန်အခများ၊ တရားဝင်အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် ထိခိုက်နစ်နာမှုများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်သွယ်မှုများ လျော့နည်း ပပျောက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment