နယူးဒေလီ၊ မတ် ၁၈
အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံဖွင့်လှစ်သည့် မြန်မာသံတမန်များ အတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းဖွင့်ပွဲအခမ်းအနားကို Sushma Swaraj Institute of Foreign Service-SSIFS ၌ ၁၇-၃-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ SSIFS ၏ ကျောင်းအုပ်ကြီးဖြစ်သူ Amb. Mr. Raj Kumar Srivastava နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ပထဝီနိုင်ငံရေး၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာသံတမန်ငယ်များအား သံတမန်ရေးရာစွမ်းရည်များကို မြှင့်တင်ရန်နှင့် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များလေ့လာခြင်းတို့ ပါဝင်မည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၁၇ ရက်မှ ၂၇ ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment