မြို့သစ်၊ မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာပေများလေ့လာဖတ်ရှုနိုင်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့် အကြောင်းအရာများ၊ ရာသီဥတုပူပြင်းသည့် ယခုကာလတွင် ကျောင်းသား၊ ကျောင်းသူများ ဆောင်ရန်၊ ရှောင်ရန်အချက်များသိရှိစေရန် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း တာဝန်ခံဆရာ/ဆရာမများထံက သိရသည်။
သန်းဝင်းထွန်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment