ဟင်္သာတ၊ မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကလေးသူငယ်များအတွက် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကလေးသူငယ်များအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီ ရေးဆွဲနည်း သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီသင်တန်းများဖြစ်သော အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀) ဦးနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့ကို ၂၀.၃.၂၅ ရက်နေ့မှ ၂၅.၄.၂၀၂၅ ရက်နေ့ထိ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်/ပြန်ဆက် (ဟင်္သာတ)
https://t.me/MyanmarNationalPost
No comments:
Post a Comment