မြန်မာနိုင်ငံက လိမ်လည်မှုစင်တာတစ်ခုမှာ တွေ့ခဲ့တဲ့ ဂျပန်အမျိုးသားတစ်ဦးကို ဧပြီလ လဆန်းပိုင်းကျရင် ပြန်လည်လွှဲပြောင်းပေးလိမ့်မယ်လို့ စုံစမ်းစစ်ဆေးရေးသတင်းရင်းမြစ်တွေက NHK ကို ပြောကြားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဟော့ကိုင်းဒိုး ခရိုင် Sapporo မြို့မှာရှိတဲ့ လားမဲန်းခေါက်ဆွဲဆိုင်ကနေ ပိုက်ဆံတွေခိုးယူခဲ့တယ်လို့ သူတို့က သံသယရှိနေပါတယ်။
ရဲတပ်ဖွဲ့က အဲဒီအမျိုးသားကို ဖမ်းဝရမ်းထုတ်ထားပြီး လိမ်လည်မှုစင်တာမှာ သူရှိနေခဲ့တဲ့အချိန်က အကြောင်းအရာတွေနဲ့ပတ်သက်ပြီးလည်း မေးမြန်းဖို့ စီစဉ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ မြန်မာနိုင်ငံမှာ တရုတ်လူမျိုး လိမ်လည်လှည့်ဖြားမှုလုပ်ငန်းတစ်ခုမှာ ပါဝင်ခဲ့တယ်လို့ သတင်းရင်းမြစ်အများအပြားက ဆိုပါတယ်။ ဖေဖော်ဝါရီလအနှောင်းပိုင်းမှာ အာဏာပိုင်တွေက သူ့ကိုတွေ့ရှိခဲ့ပြီး အဲဒီနောက် ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။
Ref - NHK
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment