လက်ပံလှရွာ ဘာကြောင့်ဗုံးကြဲခံရသလဲ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လက်ပံလှရွာ ဘာကြောင့်ဗုံးကြဲခံရသလဲ

013

014

015


မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပံလှရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပါတယ်ဆိုပြီး ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။ စာရေးသူအနေနဲ့ ဘာကြောင့် ဗုံးကြဲရသလဲဆိုတာကို အဖြေရှာကြည့်တယ်။ ပြည်ဖျက်မီဒီယာတွေက ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာပဲ အဖြေပေါ်နေပါတယ်။ ပြည်ဖျက်မီဒီယာတွေမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေက မန္တလေး PDF အကြမ်းဖက်အဖွဲ့က ဓာတ်ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။ မီးလောင်ပြင်မှာလည်း အကြမ်းဖက်သမားတွေက လူတွင်ကျယ်လုပ်နေတာကို ဓာတ်ပုံမှတ်တမ်းများမှာ တွေ့မြင်နိုင်ပါတယ်။

အဖြေကတော့ အဲဒါပါပဲ။ အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ရွာ၊ အကြမ်းဖက်သမားများ အခြေပြုနေထိုင်တဲ့ရွာ ဖြစ်ခြင်းကြောင့် အကြမ်းဖက်သမားများ ခိုလှုံနေတဲ့ နေရာများကို ဗုံးကြဲရှင်းလင်းခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

တပ်မတော်က အကြမ်းဖက်သမားကို ရှင်းလင်းပြီဆိုတဲ့အခါမှာတော့ ပြည်ဖျက်မီဒီယာတွေမှာ ပေါက်ပန်းစေးတွေ ချဲ့ကားရေးသားပြီး ဇာတ်နာအောင် ဖန်တီးကြတော့တာပါပဲ။

တပ်မတော်က အကြမ်းဖက်သမားများကို ရှင်းလင်းဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး ပြည်ပြေး ဝရမ်းပြေးတွေ ဦးဆောင်တဲ့ DVB ပြည်ဖျက်မီဒီယာမှာတော့ (မတ် ၁၄ ရက် ဒီနေ့မွန်းလွဲ ၃ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၆ ယောက် အပါအဝင် ၂၇ ယောက် သေဆုံးခဲ့ပြီး အယောက် ၃၀ လောက် ဒဏ်ရာရတယ်) ဆိုပြီး မန္တလေး PDF အကြမ်းဖက်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားထားပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ပြောစကားကို ကိုးကားရေးသားခြင်းဖြစ်တဲ့အတွက်လည်း မဟုတ်မမှန်ပြောဆိုသည်ကို မဟုတ်မမှန် လုပ်ကြံရေးသားခြင်းသာ ဖြစ်ပါလိမ့်မယ်။

အကြမ်းဖက်သမားများကို ရှင်းလင်းဆောင်ရွက်မှု ဖြစ်စဉ်အတွင်း ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ နီပိန်း ပဒက် PDF အကြမ်းဖက်သမားများရဲ့ ပြောဆိုချက်ကတော့ အလုံးစုံမမှန်နိုင်ပါဘူး။

ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံထားတဲ့ PDF အကြမ်းဖက်သမားများအနေနဲ့ ပြည်သူလူထုကို အကာအကွယ်ယူပြီး ခိုလှုံနေတာမျိုး လုပ်သင့်သလားဆိုတာ ဒီဖြစ်စဉ်က အဖြေပေါ်ပါတယ်။ တပ်မတော်အနေနဲ့က တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးက တာဝန်အရ လုပ်ကို လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ 

ပြည်သူများအနေနဲ့ သတိပြုနိုင်ရန် အကြမ်းဖက်သမားများရဲ့ အသုံးချခံ မဖြစ်စေရေး သတိပြုကြဖို့ကိုလည်း  အစဉ်သဖြင့် အသိပေးထုတ်ပြန်ထားပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းမှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူပေါင်းမနည်းတော့ပါဘူး။ လူယုတ်မာ လူရမ်းကား PDF အကြမ်းဖက်သမားများဟာ ကုသိုလ်ရေးအတွက် ဆောင်ရွက်နေတဲ့ နိုင်ငံဝန်ထမ်းကိုတောင် လာပြီး ပစ်သတ်သည်အထိ ယုတ်မာရိုင်းစိုင်းခဲ့တယ် မဟုတ်ပါလား။ အဲဒီလို လူစိတ်မရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုကို အစဉ်သဖြင့် မသိကျိုးကျွန်ပြုပေးထားရင် နောက်ဆက်တွဲ ရက်စက်ယုတ်မာမှုတွေ ကို ပြည်သူများအနေနဲ့ ခံနေကြရအုံးမှာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံပြီး ပြည်သူလူထုကို လူသားဒိုင်းသဖွယ် အသုံးပြုပြီး လှုပ်ရှားနေတဲ့ နီပိန်း ပဒက် PDF အကြမ်းဖက်သမားများအနေဖြင့် မြို့ရွာများအတွင်း ဝင်ရောက်ခိုလှုံနေထိုင်ခြင်းက မိမိတို့ကြောင့် မဆိုင်တဲ့ ပြည်သူများ ထိခိုက်နစ်နာနိုင်တယ်ဆိုတာကို တွေးတတ်ရမယ်။ 

အဖြေကတော့ ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီးရေသားနေသလို တပ်မတော်က ပြည်သူများကို ဗုံးကြဲတိုက်ခိုက်တာ မဟုတ်ပါဘူး။ အကြမ်းဖက်သမား ခိုလှုံရာ နေရာများကို ရှင်းလင်းခြင်းသဘောသာ ဖြစ်ပါတယ်။ အကြမ်းဖက်သမား ရှိနေရင် အကြမ်းဖက်နှိမ်နင်းရေးလာမယ်။ ကျေးရွာများအနေနဲ့ အကြမ်းဖက်သမားများကို ကျေးရွာအတွင်းမှာ ခိုလှုံခွင့် မပြုသင့်ဘူး။ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားတွေမှန်းသိရင် ရပ်ရွာများအတွင်းမှာ ခိုလှုံနေထိုင်ခြင်း မပြုဖို့ မောင်းထုတ်ကြရမှာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေကို လက်ခံထားမိရင် အကြမ်းဖက်အားပေးဖြစ်သလို မဖြစ်မနေ ရှင်းလင်းဆောင်ရွက်ရတဲ့အခါ ထိခိုက်မှုတွေ ကြုံတွေ့နိုင်တဲ့အတွက် အကြမ်းဖက်သမားများကို ရပ်ရွာနဲ့ ဝေးရွာမှာ နေဖို့၊ အကြမ်းဖက်သမားများက ခိုအောင်းနေတာကို သိပြီဆိုရင်လည်း တာဝန်ရှိသူများအနေနဲ့ ရှင်းလင်းဆောင်ရွက်နိုင်ဖို့ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages