ပိုလန်နိုင်ငံခြားရေးဝန်ကြီးကို ပါးစပ်ပိတ်ထားစမ်းပါလို့ အီလွန်မက်စ်ပြော - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ပိုလန်နိုင်ငံခြားရေးဝန်ကြီးကို ပါးစပ်ပိတ်ထားစမ်းပါလို့ အီလွန်မက်စ်ပြော

050

မတ် - ၁၀ ( တနင်္လာနေ့ ) 

တတ်စလာနဲ့ စပေ့အိတ်စ်  စီအီးအို အီလွန်မက်စ်က ယူကရိန်းစစ်တပ်မှ တွင်ကျယ်စွာအသုံးပြုနေတဲ့ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်းတွင် အငြင်းပွားမှုတွေဖြစ်ပေါ်နေချိန်မှာ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော့ ဆီကော်စကီ ကို “ ပါးစပ်ပိတ်ထားစမ်းပါ “ လို့ ပြောလိုက်ပါတယ်။ 

မက်စ် သည် ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းသို့ Starlink ယူနစ်ပေါင်း ၄ သောင်း ကျော်ကို လှူဒါန်းခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့များသည် မောင်းသူမဲ့လေယာဉ်များနှင့် အမြောက်များ ပစ်လွှတ်တိုက်ခိုက်မှုများကို လမ်းညွှန်ရန်နှင့် အခြားစစ်မြေပြင်သုံး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် Starlink ဝန်ဆောင်မှုကို အသုံးပြုနေ ရပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  အကြံပေး မက်စ်က ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုအား အသစ်ပြန်လည်ပြုလုပ်ခဲ့ပြီး ၎င်းရဲ့ Starlink စနစ်အား ယူကရိန်းစစ်တပ်၏ ကျောရိုးအဖြစ် လုပ်ထားပါတယ် လို့ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။  “ငါပိတ်လိုက်ရင် သူတို့ရဲ့ ရှေ့တန်းတစ်ခုလုံး ပြိုကျလိမ့်မယ်။ ယူကရိန်းက မလွဲမသွေဆုံးရှုံးရမယ့် ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်ပြီး အားလုံး အသတ်ခံရတော့မယ်” လို့ သူ့ရဲ့ X မီဒီယာ မှာ ပို့စ်တင်ခဲ့ပါတယ်။ 

ဆီကောစကီ က မက်စ်ရဲ့ ပို့စ်ကိုတုံ့ပြန်တဲ့အနေနဲ့  "ယူကရိန်းအတွက် Starlinks သုံးဖို့အတွက် ပိုလန်ဒစ်ဂျစ်တယ် ဝန်ကြီးဌာနက တစ်နှစ်ကို ဒေါ်လာသန်း ၅၀ ခန့်ကုန်ကျနေရတာပါ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။ "ကျင့်ဝတ် သိက္ခာအရ SpaceX က ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုပေးသူဖြစ်ကြောင်း သက်သေမပြနိုင်ဘူးဆိုရင်တော့ ကျနော်တို့က အခြားသော ကုမ္ပဏီနဲ့ အလုပ်လုပ်တော့ရမှာပါပဲ" လို့ ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

“ညီလေး ။ ငြိမ်ငြိမ်နေစမ်းပါ ”လို့ မက်စ်က ပိုလန်ဝန်ကြီးမှတ်ချက်အောက်မှာ ရေးခဲ့ပါတယ် ။  “မင်းသုံးနေရတဲ့ ပိုက်ဆံက နည်းနည်းလေးပါ။ Starlink အတွက် အစားထိုးစရာလည်း မရှိပါဘူး” လို့ ပြန် ရေးသားခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့စ်ရူဘီယို ကတော့ “Starlink ကို ယူကရိန်းမှာ ဖြတ်တောက်လိုက်တာက ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ Starlink မရှိရင် ယူကရိန်းက ဒီစစ်ပွဲကို ကြာရှည် တိုက်နိုင်မှာ မဟုတ်ပါဘူး။ ရုရှားတွေက ပိုလန်နယ်စပ်အထိရောက်လာပြီး ကျေးဇူးတင်ပါတယ်လို့ တောင်ပြောသွားဦးမယ်” လို့ ဆိုပါတယ်။ 


REF: RT

https://www.rt.com/news/613957-be-quiet-small-man-musk/

No comments:

Post a Comment

Donate and Support

Pages