လူမကယ်ဘဲ လူသတ်နေတာနဲ့ ပိုက်ဆံတွေအများကြီး ကုန်နေကြတာပါလို့ဆို - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

လူမကယ်ဘဲ လူသတ်နေတာနဲ့ ပိုက်ဆံတွေအများကြီး ကုန်နေကြတာပါလို့ဆို

057

မတ် - ၂၁ ( သောကြာနေ့ ) 

စစ်အသုံးစရိတ် အလွန်အကျွံသုံးစွဲနေတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းဖို့ မဖြစ်နိုင်တော့ဘဲ အရေးကြီးသော အရင်းအမြစ်များကို လမ်းကြောင်းလွဲနေတာပါလို့ ဂါနာနိုင်ငံခြားရေးဝန်ကြီး ဆမ်မြူရယ် အိုကတ်ဇိုတီ အက်ဘလာကဝီ က အင်တာဗျူး တစ်ခုမှာ ပြောသွားပါတယ်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပသည့် ရေစီနာဒိုင်ယာလော့ညီလာခံ ပြင်ပ အင်တာဗျူးမှာ စစ်ဖြစ်နေတဲ့ နေရာတွေကို အမေရိကန်ဒေါ်လာတွေဘီလီယံနဲ့ ချီပြီးရောက်နေပေမဲ့ သန်းနှင့်ချီသောလူများသည် ငတ်မွတ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို လက်လှမ်းမမီဘူး ဖြစ်နေပါတယ်။ လူတွေငတ်ဖန်များလာတော့ သေကုန်ကြတာပေါ့။ ပိုက်ဆံတွေက စစ်ပွဲတွေထဲမှာပဲ ကုန်နေတယ်။ ပိုက်ဆံတွေကြောင့် စစ်ပွဲတွေက တစ်ပွဲပြီး တစ်ပွဲဖြစ်နေတယ်။ ကလေးတွေလည်း သေကုန်တယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း မသေသင့်ဘဲနဲ့ သေနေကြတယ်" လို့ အက်ဘလာကဝီ ကပြောပါတယ်။ 

သူက လက်ရှိဖြစ်နေတဲ့ ယူကရိန်း ပဋိပက္ခ နဲ့ အရှေ့အလယ်ပိုင်း ပြဿနာတွေမှာ ကန်ဒေါ်လာ  ဒေါ်လာ ၃၈၀ ဘီလီယံကျော် ကုန်သွားပြီးပြီ နောက်ထပ်လည်း ကုန်ဦးမှာလို့ ဆိုသွားပါတယ်။ တကယ်ဆို ဖြစ်သင့်တာက အဲ့ဒိပိုက်ဆံတွေက လူတွေရဲ့ ဘဝတွေကို ကယ်တင်ရမှာဖြစ်သင့်တယ် ဆိုတဲ့ အကြောင်းကိုလည်း ပြောဖြစ်ပါတယ်။ 

အက်ဘလာကဝီ က ကမ္ဘာ့ခေါင်းဆောင်များအား ၎င်းတို့၏ စစ်တပ်များ ခွဲဝေချထားမှုကို ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့ပြီး လူသားဖွံ့ဖြိုးတိုးတက်မှုအတွက် စစ်ပွဲတွေကိုရပ်တန့်ပစ်ဖို့ ဦးစားပေးသင့်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။  “လူသတ်စက်တွေ တည်ဆောက်ဖို့ ပိုက်ဆံတွေကို အသုံးပြုနေတာနဲ့  လူသားဖွံ့ဖြိုးတိုးတက်မှုကနေ အရင်းအမြစ်တွေ ရပ်တန့်သွားနေရတယ်” လို့ ပြောသွားပါတယ်။ 

အိန္ဒိယနှင့် အာဖရိကနိုင်ငံများသည် ဘုံစိန်ခေါ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စုပေါင်းအမြင်ရှိကြောင်း သတိပြုမိပြီး အာရှတောင်ပိုင်း-အာဖရိကတောင်ပိုင်း ပူးပေါင်းဆောင်ရွက်မှု၏ ကြီးထွားလာမှု အားကောင်းမှု ကိုလည်း နိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောကြားခဲ့ပါတယ်။ "BRICS မှာ ကောင်းကောင်း လုပ်ဆောင်နေတဲ့ G20 မှာ ကျွန်တော်တို့ ကောင်းကောင်း လုပ်ဆောင်နေပါတယ်။ တောင်-တောင် ပူးပေါင်းဆောင်ရွက်မှုက အချိန်တိုင်း မြင့်မားနေပါတယ်" လို့ ၎င်းက မှတ်ချက်ပြုပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages