ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip. EP) (၁/၂၀၂၅) သင်တန်းဖွင့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip. EP) (၁/၂၀၂၅) သင်တန်းဖွင့်

 

112

111

110

109

ပြည်၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး (အနောက်) ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip. EP) (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ယခုဖွင့်လှစ်သည့် (Dip.EP) သင်တန်းကို အဆင့်မြင့်ပညာဦစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကာ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေပြီး ပညာရေးဒီပလိုမာ မရရှိသေးသူများနှင့် မည်သည့်ပညာရေးတက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများတွင်မဆို တက်ရောက်နိုင်သူများဖြစ်ရမှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများကို ပညာရေးဝန်ကြီးဌာနက Dip.EP ဒီပလိုမာလက်မှတ်ချီးမြှင့်ပေးအပ်မှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးမြောက်ပါက အရည်အသွေးပြည့်ဝ၍ အခြေခံပညာကျောင်းများတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသော ဆရာ၊ ဆရာမများဖြစ်လာရေး၊ ကျောင်းသား/ကျောင်းသူများ၏ သင်ကြား၊ သင်ယူမှုအရည်အသွေး ပိုပိုမြင့်မားတိုးတက်လာစေရေးတို့ကို အလေးအနက်ထားကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားတွင် "တို့ဆရာ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မြို့နယ် (၁၄) ခုရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြ၊ ဒုတိယမူလတန်းပြနှင့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ ၁၄၀၀ ဦး တက်ရောက်ပြီး ၎င်းတို့ကို နည်းပြ ၇၀ ဦးဖြင့် ပြည်ပညာရေးဒီဂရီကောလိပ် (တီတွတ်) ၌ (၁၁၅၀) ဦး၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် (ယခင်ပြည်ပညာရေးဒီဂရီကောလိပ်နေရာဟောင်း) ၌ (၁၅၀) ဦးနှင့် ပြည်မြို့အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၀)ဦး စသည့် သင်တန်းနေရာသုံးခုခွဲ၍ ပညာရေးနှင့် သင်ပြနည်းပညာဆိုင်ရာများကို သင်တန်းကာလ (၄၉) ရက်ကြာ စာတွေ့/လက်တွေ့ ပို့ချဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ကိုဆက် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages