မြစ်ကြီးနား၊ မတ် ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဆင်းပွဲနှင့် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)မှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက မိုးလုံလေလုံအားကစားခန်းမနှင့် ပညာရေးဒီဂရီကောလိပ်တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းသူများက ကမ္ဘာမနော အဖွင့်တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့အခမ်းအနား တက်ရောက်လာကြ သူများအနေဖြင့် ကလေးသူငယ်များကို မူကြိုအရွယ်ကစပြီး လူသားချင်းစာနာထောက်ထားတတ် သည့် မွန်မြတ်သော စိတ်ဓာတ်ကို သန္ဓေတည်အောင် ပံ့ပိုးပေးခြင်းအားဖြင့် နောင်တစ်ချိန်တွင် ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်သည့် နိုင်ငံတော်က အားထားရသော လူသားစွမ်းအားစုများဖြစ် လာမည်ဖြစ်သောကြောင့် ပိုမိုကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ သင်တန်းမှ ပို့ချပေးလိုက်သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းစနစ်များ၏ သဘောတရားများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် လိုက်လျောညီထွေစွာ ဆောင်ရွက်တတ်ကြရန် လိုအပ်မည်ဖြစ်ပြီး ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆရာ၊ ဆရာမများအနေဖြင့် ဆက်လက်လေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းသူများက တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကချင်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးသန်းအောင်က အခြေခံသင် တန်းဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်များနှင့် ကလေးသူငယ်များနှင့် မိဘများအတွက် ရရှိနိုင် သည့်အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး သင်တန်းသူများက တိုင်းရင်းသားတေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများအတွက် သင်တန်းဆင်း လက်မှတ်များနှင့် သရုပ်ပြဖျော်ဖြေတင်ဆက်ကြသည့် အကအဖွဲ့များအတွက် ချီးမြှင့်ငွေကျပ် ၁၂ သိန်း ကို လည်းကောင်း၊ ပြည်နယ်မိခင်နှင့် ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက သင်တန်းသား/သင်တန်းသူများအတွက် ကလေးဖတ်ပုံပြင်စာအုပ် များနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်း သင်တန်း ဆင်းလက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ သင်တန်းသူများ ပြုလုပ်ထားသော သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)၌ ပြည်နယ်အတွင်းရှိ ခရိုင် (၄)ခရိုင်မှ မူလတန်း အဆင့်သင် ဆရာ၊ ဆရာမ (၉၀၀)ကျော်တို့ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိသော ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က Life Long Learning And Life wide Learning လို့ခေါ်သည့် ဘဝတစ်သက်သင်ယူမှုနှင့် ဘဝတစ်ခွင်သင်ယူမှုအတွက် အထောက်အကူပြုသည့် သင်တန်းဖြစ်သည့်အတွက် ဂုဏ်ယူရမည်ဖြစ် ပါကြောင်း၊ ထို့အပြင် ယနေ့ သင်တန်းသည် ဆရာ/ဆရာမများ အရည်အသွေးမြင့်မားစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် စနစ်တကျသင်ယူကြရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၁ ရာစု၏ လိုအပ်ချက်များဖြစ်သည့် လေးနက်စွာ ဆန်းစစ်ဝေဖန်တတ်ခြင်း၊ အပြန်အလှန်ဆက်သွယ်ပြောဆို တတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်အောင် သင်ယူခြင်းနှင့် တီထွင်ဖန်တီးတတ်ခြင်းဆိုသည့် အလေ့ အကျင့်များရှိလာအောင် ဆောင်ရွက်ပေးနိုင်အောင် အသိပညာများကို သင်ယူနိုင်ကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက်ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား) ကျောင်းအုပ်ကြီးဒေါ်ဥမ္မာအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် မတ်လ (၂၄) ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည့် အဆိုပါ သင်တန်းအတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို ပေးအပ်ခဲ့သည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီ ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံ စိုက်ပျိုးရိတ်သိမ်းပြီးစီးမှုနှင့် လုပ်ငန်းတိုးတက်ဆောင်ရွက်နိုင်မှု အခြေအနေ များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက်နယ်မြေကွင်းဆင်းဆောင်ရွက်နိုင်မှုကြောင့် အရွေ့ရှိလာသည်ဟု ဆိုနိုင်ပါကြောင်း၊ နယ်မြေ ကွင်းဆင်းခြင်းဖြင့် တောင်သူများ၏ လိုအပ်ချက်၊ အခက်အခဲကို ပိုမိုသိရှိနားလည်ပြီး ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်းအားဖြင့် မိမိတို့ လိုလားသည့် ဆန်စပါးအထွက်တိုးရေး၊ ဆီထွက်သီးနှံ များ တိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ထို့အပြင် လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စိုက်ပျိုးရာသီတွင် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးခြင်းအားဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်ပြည့်မီစေပြီး ဒေသတွင်း စားရေရိက္ခာဖူလုံလာမည် ဖြစ်သည့်အတွက် မိမိတို့အားလုံးက မဖြစ်မနေ အလေးအနက်ထား ကြိုးစားဆောင်ရွက်ကြရမည်ဖြစ် ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သမဝါယဦးစီး ဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(မြစ်ကြီးနား)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနတို့မှ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ပြည်နယ်အတွင်း မိုးစပါးရိတ်သိမ်းပြီးမှုနှင့် သီးထပ် စိုက်ပျိုးနိုင်သည့် အခြေအနေများ၊ ခရိုင်/ မြို့နယ်များအလိုက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်မှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာဒေသအလိုက်လာမည့် စိုက်ပျိုးရာသီတွင် စပါးအပါအဝင် ဆီထွက်သီးနှံအတွက် မျိုးကောင်းမျိုးသန့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးနှင့် သားငါးစားသုံးမှုကဏ္ဍအတွက် တိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment