လားရှိုးမှ MNDAA တပ်များ ပြန်မဆုတ်ရန် မြို့ခံများ တောင်းဆိုခြင်းမဟုတ်ဟုဆို - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လားရှိုးမှ MNDAA တပ်များ ပြန်မဆုတ်ရန် မြို့ခံများ တောင်းဆိုခြင်းမဟုတ်ဟုဆို

036

လားရှိုး၊ မတ် ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမှ MNDAAအကြမ်းဖက်အဖွဲ့ ပြန်လည် မဆုတ်ခွာရန်နှင့် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်သည့် စာရွက်များနှင့် ဓာတ်ပုံများအား ပြန်ဖျက်မီဒီယာများတွင် ဝေဝေဆာဆာဖော်ပြနေခြင်းမှာ ပြည်သူလူထုကို ခုတုံးလုပ်ပြီး မဟုတ်မမှန် လုပ်ကြံဖြန့်ဝေနေခြင်း ဖြစ်ကြောင်း လားရှိုးမြို့ခံတစ်ဦး က ပြောသည်။

လားရှိုးမြို့ခံတစ်ဦး က "ဧရာဝတီတို့၊ DVB တို့မှာ MNDAA အဖွဲ့ လားရှိုးကနေ ပြန်မဆုတ်ဖို့ မြို့ခံတွေက တောင်းဆိုတယ်ဆိုတဲ့ ပုံစံမျိုး လုပ်ကြံဖန်တီးရေးသားနေကြတာပါ။ ဒီမြို့ကို လာပြီးဖျက်ဆီးတဲ့သူတွေကို ဒီမြို့က လူတွေက လက်ခံထားချင်ပါ့မလားဗျာ။ တပ်မတော်ကို ပြတ်ပြတ်သားသား ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့တာ။ တပ်မတော်က မပြတ်သားလို့ လားရှိုးမြို့ခံတွေ အတိဒုက္ခရောက်ခဲ့ရတယ်ဗျာ။ အခု အကြမ်းဖက်သမားတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးခြင်းကို ခံနေရတယ်ဗျာ။ လက်ခံထားချင်လို့ မဟုတ်ဘူးဗျ။ လက်နက်ကိုင် လူရမ်းကားတွေကို မောင်းထုတ်နိုင်တဲ့ အင်အားမရှိလို့ လက်ပိုက်ကြည့်နေရတာ။ ရှောင်ပြေးကြရတာ။ အဲဒီ သတင်းဌာနတွေက လုပ်ကြံဖန်တီးရေးသားသလိုမျိုး မဟုတ်ပါဘူး။ MNDAA ရဲ့ လက်ပါးစေတွေ ရှိတယ်။ MNDAA နဲ့ ပေါင်းပြီး လူတွင်ကျယ်လုပ်နေတဲ့ အကြမ်းဖက်သမားမွေးထားတဲ့ ခွေးတွေက လုပ်နေတာပါ။ မြို့နေလူထုလို့ မသုံးသင့်ပါဘူး။" ဟု ပြောဆိုသည်။

မြို့ခံများ စုပေါင်းထားသည့် သပိတ်လှုပ်ရှားမှုသည် လားရှိုးမြို့ အဝင်မုခ်ဦး၊ လွတ်လပ်ရေးပန်းခြံနှင့် မြို့၏ လူစည်ကားရာ နေရာ ၁၀ ခုကျော်၌  မြန်မာအရေးအပေါ် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများ ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုသည့် ဓာတ်ပုံ၊ စာသားများ လိုက်လံဖြန့်ဝေကာ ပြောက်ကျားသပိတ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်ပြေး ဝရမ်းပြေး မီဒီယာတစ်ခုဖြစ်သည့် ဧရာဝတီသတင်းဌာန မှ ရေးသားဖော်ပြထားမှုအပေါ်  မြို့ခံက "ဧရာဝတီသတင်းဌာန ရဲ့ ဖော်ပြချက်မှာ MNDAA ရဲ့ လက်ပါးစေတစ်ကောင်က မနက်ဖြန် တွေ့ဆုံမှုဟာ လားရှိုးမြို့နဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးကြမယ်လို့ ယူဆထားပါတယ်။ မြို့ခံတွေက တော့ စစ်ကောင်စီ လက်အောက်မှာ ပြန်ပြီး မနေထိုင်ချင်ကြတော့ဘူး။ MNDAA အုပ်ချုပ်မှုအောက်မှာ ကြောက်ရွံ့စိတ်တွေ မရှိဘူး၊ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒါကြောင့် လားရှိုးက ပြန်မဆုတ်ဖို့ မြို့ခံတွေက ဆန္ဒရှိနေကြတယ် လို့ ပြောတယ်။ အဲဒီ ပြောတဲ့ကောင်ပဲ ဖာခန်းထောင်၊ ဘိန်းခန်းဖွင့်ပြီး လွတ်လပ်မှုရနေတာဖြစ်မယ်။ မြို့နေလူထုအများစုကတော့ ကိုယ့်မြို့ကိုယ့်ရွာမှာ အေးအေးချမ်းချမ်းနေချင်တယ်။ ဒီလို လူရမ်းကားတွေကို အမြန်ဆုံး မောင်းထုတ်ပေးစေချင်တာ။ တပ်မတော်ဘက်က ပြည်သူလူထုရဲ့ တောင်းဆိုမှုကို အလေးမထားခဲ့လို့ အခုလို အတိဒုက္ခရောက်နေရတာ။ တကယ်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်နေတာဆိုရင် ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို အစဉ်သဖြင့် ချိန်းခြောက်နေတဲ့ ဒီလို အကြမ်းဖက်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ မသင့်ပါဘူး။ ပြတ်ပြတ်သားသား ရှင်းပေးဖို့ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက တောင်းဆိုခဲ့တာပါ။" ဟု ပြောသည်။

ပြည်ဖျက်မီဒီယာများ၏ ရေးသားဖော်ပြချက်များတွင် တရုတ်အစိုးရကို ဆန့်ကျင်သည့် စာသားများ၊ မြန်မာ - တရုတ် အစိုးရနှစ်ရပ် ပူပေါင်းဆောင်ရွက်မှုကို မလိုလားသည့် ပုံစံများ ဖော်ပြ၍ MNDAA အကြမ်းဖက်အဖွဲ့ကို လားရှိုးမြို့ခံများက လိုလားသယောင် ချိန်ကိုက် လုပ်ကြံဖန်တီးဖော်ပြနေသည်ကို တွေ့ရသည်။

နိုင်ငံရေး လေ့လာသူတစ်ဦးက "ဒါမျိုး လုပ်ကွက်တွေက နိုင်ငံရေးသမားတွေရဲ့ အောက်တန်းစား လုပ်ကွက်တွေပါ။ ကွန်မြူနစ်ညာဉ်ဆိုတာ အဲဒါကို ပြောတာ။ သူတို့တွေ အခြေအနေမမှန်တော့ဘူးဆိုတာနဲ့ ပြည်သူနဲ့ ခုတုံးလုပ်တော့တာပဲ။ ဒီအခြေအနေအထိ ဖြစ်လာတာက အခြေအနေမှန်ကို သုံးသပ်ရရင်တော့ တပ်မတော်ဘက်က အားနည်းချက်တွေ ရှိခဲ့လို့ပဲဗျာ။ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေရဲ့ ကောက်ကျစ်ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်တွေ ဖြစ်လာပါပြီဆိုကတည်းက ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ပြတ်ပြတ်သားသား ရှင်းပေးဖို့ တောင်းဆိုခဲ့တယ်ဗျာ။ တချို့ သံဃာတော်တွေဆိုရင် လူကိုယ်တိုင် လိုက်ပြီး ကျည်သယ်ပေးရမယ်ဆိုရင်တောင် သယ်ပေးပါမယ်လို့ အာပတ်အသင့်ခံပြီး တောင်းဆိုခဲ့တာလေဗျာ။ သံဃာတော်တွေ တောင်းဆိုခဲ့တဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ပါ။ ဒါတွေက လုပ်ကြံပြောဆိုလို့ မရပါဘူး။ အကြမ်းဖက်အဖွဲ့ကို လူထုက လိုလားပါတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပြည်ဖျက်မီဒီယာတွေရဲ့ အကြောင်းကိုလည်း သိကြပြီးသားပဲ။ သူတို့လိုလားချက်ကို လိုသလို ဖန်တီးပုံဖော်ကြတာပါ။" ဟု သုံးသပ်ပြောဆိုသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages