MWCDFအသင်းကြီးမှ အဋ္ဌမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ(4 Skills)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

MWCDFအသင်းကြီးမှ အဋ္ဌမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ(4 Skills)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

102

103

104

108

109

110

နေပြည်တော်၊ မတ် ၁၅

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူး၍ ဖွင့်လှစ်သော အဋ္ဌမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ (4 Skills) Pre- Intermediate Level သင်တန်းဖွင့်ပွဲ အခမ်းအနားအား မတ်လ (၁၅) ရက်နေ့နံနက်ပိုင်းက နေပြည်တော်ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အသင်း၏ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူးနှင့် CECများ၊ ဥတ္တရသီရိမြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ဒုတိယဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အတွင်းရေးမှူးဒေါ်မေမြင့်မောင်မှ သင်တန်းစည်းကမ်းများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ အစီစဉ်များအရ ဥတ္တရသီမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အုန်းဆန်းမှ အမှာစကားပြောကြားကာ သင်တန်းနည်းပြဆရာဦးမင်းစိုးသူရမှနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား တက်ရောက်လာသော တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး သင်တန်းဆရာမှသင်ကြားရေးဆိုင်ရာ သင်ခန်းစာများအား စာတွေ့/လက်တွေ့သင်ကြားပို့ချခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးစနစ်တကျဖွဲ့စည်း လှုပ်ရှားလျှက်ရှိပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်သော လူမူပရဟိတလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်လုပ်ငန်းများ၊ ဘာသာရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များအား 

 လှူဒါန်းထောက်ပံ့ခြင်းနှင့် လူမူဘဝအကျိုးပြုပရဟိတလုပ်ငန်းများအား စဉ်ဆတ်မပြတ် နေ့စဉ်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။


ဖြိုးကိုလင်း(ညောင်ဝိုင်း)                                                                                           

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages