အရှက်သိက္ခာ ကင်းမဲ့လွန်းတဲ့ ပြည်ဖျက်မိစ္ဆာတွေ
(NLD ပါတီရဲ့ ကမ္ဘာကျော် မဲလိမ်မဲခိုးမှုကို လိမ်ညာဖုံးကွယ်ထားကြသူများ)
နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်။ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ မဲပေးနိုင်ဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ နိုင်ငံတကာအသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘက်ပေါင်းစုံကနေ လုပ်ဆောင်နေရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ပြောကြားခဲ့တဲ့ မှတ်တမ်းများကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင်လည်း ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလို အရုပ်ဆိုး အကျည်းတန်တဲ့ ရွေးကောက်ပွဲမျိုးမဖြစ်ရလေအောင် စနစ်တကျ စီမံဆောင်ရွက်ကြဖို့ လမ်းညွှန်ထားတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
စာတွေ အရှည်ကြီးရေးပြန်ရင်လည်း ဖတ်ရတဲ့သူ မောနေပါမယ်။ တချို့သော ပြည်ဖျက်မီဒီယာတွေကတော့ နှုတ်ပိတ်ခံလိုက်ရပြီ။ ဒါကလည်း သူ့အကြောင်းနဲ့သူပါ။ ကျုပ်တို့ ပယောဂ မပါ ပါဘူး။ တချို့သော မီဒီယာတွေကတော့ အနောက်အုပ်စုနဲ့ အိုအိုင်စီ ကနေ နှစ်ဖက်နှစ်လမ်းက ရနေတာဆိုတော့ ဆက်ပြီး အာချောင်နေတာကို တွေ့မြင်ရပါတယ်။
အေးချမ်းနိုင် ဆိုသူ ဦးဆောင်နေတဲ့ DVB သတင်းဌာန က "အထွေထွေရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်း ပြုလုပ်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ပြည်သူနဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။" ဆိုပြီး ကောက်စာ ထုတ် လူမှုကွန်ရက်မှာ တင်ထားတာကို တွေ့ရတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံတာက ဘယ်သူလဲ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြရမှာ ဖြစ်ပါတယ်။ မဲလိမ်မဲခိုးပြီး NLD ပါတီက အနိုင်ရချင်တာ အဲဒါ ရလဒ်လား။
အဲဒါ ရလဒ်မဟုတ်ဘူး။ ရလဒ် အမှန်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီ က မဲလိမ်မဲခိုးမှုတွေကို စံချိန်တင် မြင့်တက်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒါ ရလဒ်အမှန် ဖြစ်ပါတယ်။ အဲဒီလို မဲလိမ်မဲခိုးမှု ကျူးလွန်ထားတာတွေကို စစ်ဆေးပေးဖို့ တောင်းဆိုတယ်။ စစ်ဆေးမပေးဘူး။ မဲလိမ်မဲခိုးမှုတွေကို တိုင်ကြားတယ်။ မဖြေရှင်းပေးဘူး။ ရလဒ်ကို လက်ခံနိုင်ခြင်းမရှိတာက တပ်မတော် မဟုတ်ဘူး။ အာဏာရူး NLD အုပ်စုဟာ ရလဒ်အမှန်ကို လက်ခံနိုင်စွမ်း မရှိဘူး။ အာဏာသက်ဆိုးရှည်ဖို့ တစ်ခုသာ ရှေးရှုပြီး စံချိန်တင် မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တယ်။ ဒါကို ပြိုင်ဘက်တွေက ထောက်ပြပြောဆိုတဲ့အခါ လက်မခံဘူး။
နောက်ဆုံးတော့ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းယူလိုက်ရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့တယ်။ မဲလိမ်မဲခိုးပြီး အာဏာရယူဖို့ ကြိုးပမ်းရာမှာ မအောင်မြင်တဲ့အခါကြတော့ အကြမ်းဖက်နည်းနဲ့ အာဏာရယူဖို့ ကြိုးစားပြန်တယ်။ လေလှိုင်းပေါ်မှာတော့ တော်တော်လေး အောင်မြင်နေတယ်။ ပြည်ပသြဇာခံ ပြည်ဖျက်မီဒီယာတွေရဲ့ ကူညီပံ့ပိုးမှု၊ မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ အာချောင်ပြီး အောင်မြင်နေတဲ့ အောင်မြင်မှုမျိုးဖြစ်ပါတယ်။
ဒီအကြောင်းတွေကို စာရေးသူအနေနဲ့ ပြန်လည်ရေးသားပြဆိုတာမျိုးတွေ မလုပ်ချင်ပါဘူး။ ပြည်ဖျက်မီဒီယာတွေက မဲလိမ်မဲခိုးပြီး အနိုင်ရခဲ့တာကို ယခုချိန်အထိအောင် ဂုဏ်ဆာနေကြလို့ အများပြည်သူ ထင်ယောင်ထင်မှား မဖြစ်စေချင်တဲ့အတွက် တုန့်ပြန်ရေးသားဖော်ပြပေးခြင်း (တစ်နည်းအားဖြင့်) အမှန်တရားကို သိစေလိုခြင်းသာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ NLD ပါတီ က မဲလိမ်မဲခိုးမှုတွေကို ဘယ်လို ကျူးလွန်ခဲ့သလဲ၊ မဲလိမ်မဲခိုးမှု ပမာဏက ဘယ်လောက်တောင် ရှိသလဲ။ အကျဉ်းမျှ မှတ်သားထားရင် လုံလောက်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းများကို မြို့နယ်အလိုက် အသေးစိတ်စိစစ်ခဲ့ပါတယ်။ ထို့ပြင် မြို့နယ်အသီးသီးရှိ မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနဦးစီးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများစစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှုဖြစ်ပွားခဲ့သော မှားယွင်းခဲ့သည့် တစ်နိုင်ငံလုံးမဲဆန္ဒရှင်အရေအတွက်စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ ဦး ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဆန္ဒမဲလက်မှတ်များကို မြေပြင်ဖွင့်ဖောက်စစ်ဆေးရာတွင် မဲရုံတိုင်း၌ ဆန္ဒမဲ လက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင်အပိုရှိနေခြင်းတို့ကို တွေ့ရှိရပြီး မဲရုံများသို့ မဲလက်မှတ်များ သတ်မှတ်အရေအတွက်ဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်ရာ ယင်းမဲလက်မှတ် လျော့နည်း ပျောက်ဆုံးခြင်းနှင့် အပိုတွေ့ရှိမှုများသည် တရားမဝင်ဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။
သက်ဆိုင်ရာ မြို့နယ်အလိုက်မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ် မြေပြင်ဖွင့်ဖောက် စစ်ဆေးမှု များနှင့် ဆန္ဒမဲပေးမှုအခြေအနေများကို စိစစ်ရာတွင် -
(က) ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်း၊
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များ ဦးဆောင်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ယင်းအဖွဲ့ကြောင့်ပင် လူဦးရေ စာရင်းများထပ်ကာ မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်မှုများ ဖြစ်ပွားခဲ့ခြင်း၊
(ဂ) မဲစာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့် အထက် ပါဝင်နေခြင်း၊
(ဃ) အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန် ရွေးကောက်ပွဲနေ့ မတိုင်မီ ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေး အဖွဲ့ဝင်များပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ခြင်း၊
(င) ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်အရ မိမိ မဲဆန္ဒနယ်သို့ ပြန်လည်မဲဆန္ဒပေးခြင်းမပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို ၈-၁၀-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ ညွှန်ကြားချက်ကို ၁၁-၁၀-၂၀၂၀ ရက်နေ့တွင်လည်းကောင်း ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်းကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း၊
(စ) မဲဆန္ဒရှင်များဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၉-၈-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ် မရှိသူများကို မဲပေးခွင့်ပြုခဲ့ခြင်း၊
(ဆ) ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့်ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကိုတွေ့ရှိပါက ခိုင်လုံမဲအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်း၊
(ဇ) မဲရုံတိုင်း၌ မဲစာရင်းများအရေအတွက်များစွာ မှားယွင်းမှုဖြစ်ပေါ်ခြင်းသည် မတော်တဆ ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ တမင်ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်း၊
(ဈ) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ဆန္ဒမဲပေးခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင် NLD ပါတီ အနေဖြင့် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြု၍ ဝင်ရောက်စွက်ဖက် မလျော်ဩဇာသုံးကာ မသမာမှုများ ဆောင်ရွက်ခဲ့ခြင်း၊
(ည) NLD ပါတီမဟုတ်သည့် အခြားနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအားလုံးအား အုပ်ချုပ်ရေးအာဏာကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်၊ တားမြစ်ချက်များကိုလည်းကောင်း အလွဲသုံး ခြင်းဖြင့် ကန့်သတ်ထိန်းချုပ်၍ နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ခြင်း၊
(ဋ) ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းအား တရားဝင်အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက်ဆောင်ရွက်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။
ရွေးကောက်ပွဲတစ်ခုမှာ မဲမသမာမှုဖြစ်ပွားခဲ့သော မှားယွင်းခဲ့သည့် တစ်နိုင်ငံလုံးမဲဆန္ဒရှင်အရေအတွက် စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ ဦး (၁၁.၃ သန်းကျော်) ဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ဟာ အနိုင်ရလဒ်လို့ ဆိုမလား။ အခုထိ ပြည်ဖျက်မိစ္ဆာတွေမှာတော့ မဲလိမ်မဲခိုးခဲ့တာကို လိမ်ညာဖုံးကွယ်ပြီး အရှက်သိက္ခာကင်းမဲ့စွာ ဂုဏ်ဆာနေကြဆဲဖြစ်လို့ အများပြည်သူ အမှန်သိစေလိုခြင်းငှာ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment