ပြည်ဖျက်မီဒီယာများရဲ့ ခေါင်းကိုင်ဖခင်လို့ ပြောလို့ရတဲ့ ပြည်ဖျက်မိစ္ဆာတွေ ဦးဆောင်တဲ့ DVB သတင်းဌာန က ရေးသားဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ "AA ထိန်းချုပ်ဒေသတွင် အာရက္ခပညာရေး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနိုင်" ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖော်ပြထားတာတွေ့လိုက်ရတော့ ရခိုင်လူငယ်တွေလည်း ဗမာလူငယ်တွေလို အတိဒုက္ခရောက်ရတော့မှာကို မြင်ယောင်ပြီး စိတ်မကောင်းဖြစ်မိတယ်။
၂၀၂၃ ခုနှစ်စပြီး အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ AA အကြမ်းဖက်အဖွဲ့ဟာ ၁နှစ်ကျော်ကြာ ကာလအတွင်းမှာပဲ အာရက္ခပညာရေးစနစ်ကို ထူထောင်လိုက်နိုင်ပြီလား။ အရမ်းကို အံ့သြဘနမ်း ဖြစ်ရပါတယ်။
ဒီလို လုပ်ရပ်တွေဟာ AA အကြမ်းဖက်အဖွဲ့အနေနဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲပြီး NUG အကြမ်းဖက်အဖွဲ့က လုပ်သလို ပေါကြောင်ကြောင် အလုပ်တွေ လုပ်နေခြင်းမျိုးပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအတ္တကို ရှေ့တန်းတင်ပြီး လူမျိုးရေးပဋိပက္ခဖန်တီး၊ လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးဖြန့်ချိပြီး စီးပွားရှာတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ထောက်ပြတာက တစ်ပိုင်းဖြစ်ပါတယ်။ ပညာရေးမှာ လူငယ်တွေ လမ်းမှားရောက်အောင် လုပ်တာမျိုးကတော့ တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းများထဲမှာ အဆိုးရွားဆုံးသော ပြစ်မှုဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လှုံ့ဆော်မှုကို နားယောင်ခဲ့တဲ့ ဆရာ၊ ဆရာမတချို့ CDM လုပ်ခဲ့ကြတယ်။ NUG အကြမ်းဖက်အဖွဲ့ကို အထင်ကြီးပြီး NUGလက်အောက်ခံတွေက ဖွင့်တဲ့ ကျောင်းတွေမှာ ဆရာ/ ဆရာမ ဝင်လုပ်ကြတယ်။ NUG က ကောင်တွေရဲ့ ခြိမ်းခြောက်မှုကို ခံရတယ်။ ငွေကြေးလိမ်လည်မှုကို ခံရတယ်။ နောက်ဆုံးတော့ NUG အကြမ်းဖက်အဖွဲ့ကို ယုံစားမိတဲ့ ဆရာတချို့ နေ့စားလုပ်သားဘဝ ရောက်ခဲ့ရတယ်။ ဆရာမတွေ လမ်းဘေးဈေးသည်ဖြစ်ခဲ့ရတယ်။
နိုင်ငံဝန်ထမ်းဆိုတဲ့ ပညာတတ်တွေက လမ်းဘေးက နိုင်ငံရေးသမားအမည်ခံ ပြည်ဖျက်မိစ္ဆာတွေ ရဲ့ လှုံ့ဆော်မှုတွေကို အဆုံးစွန်အထိ အဟုတ်ကြီးထင်နေတာမျိုးတွေ တွေ့ရတော့ ပိုပြီး အော့နှလုံးနာမိတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ CDM ဆရာများက မန္တလေး ဆေးတက္ကသိုလ် ဘွဲ့လက်မှတ်အတုတွေ ထုတ်ပေးနေတယ်။ ဖမ်းဆီးရမိတာ ၂ကြိမ်ရှိပြီ။ ပြည်ပ တက္ကသိုလ်များက သက်ဆိုင်ရာ တက္ကသိုလ်များကို ဆက်သွယ်မေးမြန်းလာချိန်မျာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံတွေက ငွေကြေးရယူပြီး အတုအပ ပြုလုပ်ပေးနေတာကို တွေ့ရတယ်။ အတုအပ ပြုလုပ်ပေးတဲ့ လုပ်ငန်းစဉ်ထဲမှာ နိုင်ငံဝန်ထမ်းတွေကလည်း ငွေကြေးရယူပြီး ပူးပေါင်းဆောင်ရွက်ပေးတာမျိုး တွေ့ရတယ်။
ငွေမျက်နှာတစ်ခုတည်းကို ကြည့်ပြီး ပြည်သူတွေ ဘယ်လိုဖြစ်ဖြစ်ဆိုတဲ့ တစ်ပို့တည်းသမားတွေလို မြင်တွေ့နေရတာတော့ ဆိုးရွားလွန်းလှပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးထဲက ရွာတချို့မှာဆိုရင် ယနေ့အချိန်အထိအောင် NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေက စာသင်ကျောင်းတွေကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေတုန်း၊ NUG ကျောင်းဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကျောင်းဖွင့်နေကြတုန်းပဲ။ အကြမ်းဖက်အဖွဲ့က ဖွင့်တဲ့ကျောင်းကို တက်မှတော့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေမှာ အကြမ်းဖက်သမားတွေရဲ့ နိုင်ငံရေးမှိုင်းတိုက်ခြင်း ခံရပြီ။ မျိုးဆက်သစ် အကြမ်းဖက်ဝါဒီလေးတွေ မွေးထုတ်ပေးမယ်။ တိုင်းပြည်ကို ကောင်းကျိုးပြုမယ့် လူသားအရင်းအမြစ် ဖြစ်မလာတော့ဘူး။ ဒီလို အရှည်မျှော်တွေးပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် အာဏာပိုင်များက မသိတာလဲမဟုတ်၊ မရှိတာလဲ မဟုတ်။ တိတိကျကျ ရှင်းလင်းဆောင်ရွက်လားလို့ မေးရင် မရှင်းပါဘူး။
အစိုးရက ဖွင့်လှစ်ထားတဲ့ကျောင်းတွေကို အကြမ်းဖက်သမားက အလစ်အငိုက်လာတိုက်လည်း ခံနေရဆဲပဲ။ ဒါက သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့အချက်ပါ။ ရက်ပိုင်းအတွင်းကပဲ တန့်ဆည်မြို့နယ်ထဲမှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ အထက်တန်းပြဆရာမတစ်ဦး သေဆုံးခဲ့ရတယ်။ ရက်စက်ပါပေ့ NUG ရယ်၊ ရက်စက်ပါပေ့ PDF ရယ် လို့ ပြောနေရုံမျှနဲ့တော့ မပြီးဘူး။ ဆုံးရှုံးမှုတွေက ကြီးမားလွန်းတယ်။
အခု AA အကြမ်းဖက်အဖွဲ့ကလည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ လမ်းစဉ်အတိုင်း လုပ်ဆောင်လာပြီ။ NLD ဦးဆောင်သူတွေက ဗမာလူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချ၊ အကြမ်းဖက်သမား မျိုးဆက်သစ်လေးတွေ မွေးထုတ်ဖို့ ကြိုးပမ်းနေသလိုပဲ AA အကြမ်းဖက်အဖွဲ့ကလည်း ရခိုင်လူငယ်တွေကို လမ်းမှားရောက်အောင် လုပ်နေပြီ။
နိုင်ငံတော်အကြီးအကဲများကတော့ တိုင်းရင်းသားပြည်သူများ အားလုံး ကောင်းကျိုးဖြစ်စေဖို့ လုပ်ဆောင်နေတယ်။ လမ်းညွှန်နေတယ်။ ပြည်ဖျက်မီဒီယာတွေက NUG, AA တို့လို အကြမ်းဖက်အဖွဲ့တွေ လုပ်သမျှ အများပြည်သူ လိုက်ပါလုပ်ဆောင်လာအောင် လှုံ့ဆော်ပေးတယ်။ တကယ်ဆိုရင် ဒီလုပ်ရပ်တွေဟာ အဓိပ္ပာယ်မရှိဘူး။ လူငယ်တွေကို နစ်နာအောင် လုပ်တဲ့ လုပ်ရပ်တွေဖြစ်ကြောင်းကို မီဒီယာများက အကျယ်တဝင့် ရေးသားပြဆိုရမှာ ဖြစ်ပါတယ်။ ပြည်ဖျက်မိစ္ဆာတွေကတော့ လမ်းမှားကို ရောက်အောင် တွန်းပို့ပေးနေကြပါတယ်။
ကျွန်တော်တို့အနေနဲ့တော့ တရားမဝင်တဲ့ မည်သည့်လုပ်ရပ်ကိုမဆို အားပေးအားမြှောက် မလုပ်နိုင်ဘူး။ ကိုယ့်ပယောဂကြောင့် လူငယ်တွေ လမ်းမှားရောက်ရတဲ့ အဖြစ်မျိုးတွေ မဖြစ်စေချင်ဘူး။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ CDM ဝန်ထမ်းတွေ ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်အတုကို ကိုင်ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ လုပ်ရင်းက အရှက်တကွဲဖြစ်ရရုံမျှမက အရေးယူခြင်းခံရတဲ့ အဖြစ်မျိုးတွေ ရခိုင်လူငယ်တွေ မဖြစ်စေချင်ပါဘူး။ ဗမာ ငပိန်းတွေ အတိဒုက္ခရောက်နေတဲ့ အဖြစ်သနစ်တွေကို သင်ခန်းစာမယူဘဲ ဗမာ ငပိန်းတွေရဲ့ လမ်းစဉ်နောက်ကို ကောက်ကောက်ပါအောင် လိုက်တဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို အဟုတ်ကြီးထင်နေမယ်ဆိုရင်လည်း ခံကြပေအုံးတော့လို့သာ ပြောရတော့မှာ ဖြစ်ပါတယ်။
ပြောစရာစကားကတော့ - ရက်စက်ပါပေ့ ပြည်ဖျက်မိစ္ဆာတွေရယ်၊ လူငယ် လူရွယ်တွေကို အကြမ်းဖက်သမားအဖြစ် အသုံးချရုံမျှ အားမရနိုင်ဘူး။ လူမျိုးရေး ပဋိပက္ခဖန်တီး၊ မူးယစ်ဆေး ကျွေးပြီး ဖျက်ဆီးရုံမျှ အားမရနိုင်ကြသေးဘူး။ လူငယ်တွေရဲ့ ပညာရေးခရီးလမ်းကိုပါ ဖျက်ဆီးလာကြတယ်။ ရက်စက်လွန်းရာ မကျပေဘူးလား။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment