နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ ရုရှား၊ ဘယ်လာရုစ် ခရီးစဉ် အောင်မြင်မှုများအပေါ် မလိုမုန်းထားစိတ်ဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည့် NUG အကြမ်းဖက်အဖွဲ့မှ ဆာဆာ ဆိုသူက မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုမှုများ ပြုလုပ်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ ရုရှား၊ ဘယ်လာရုစ် ခရီးစဉ် အောင်မြင်မှုများအပေါ် မလိုမုန်းထားစိတ်ဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည့် NUG အကြမ်းဖက်အဖွဲ့မှ ဆာဆာ ဆိုသူက မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုမှုများ ပြုလုပ်လျက်ရှိ

068

ရန်ကုန်၊ မတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရုရှား၊ ဘယ်လာရုစ် ခရီးစဉ်မှာ အတိုင်းထက်အလွန် အောင်မြင်မှုများ ရရှိခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် အောင်မြင်မှုများ ရရှိခဲ့သည့်အပေါ် မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည့် NUG အကြမ်းဖက်အဖွဲ့မှ ဒေါက်တာ ဆာဆာ ဆိုသူ ပြည်ပြေး ဝရမ်းပြေး က မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုမှုများကို ပြည်ဖျက်မီဒီယာများမှ ပြောဆိုလျက်ရှိသည်။

လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည့် NUG အကြမ်းဖက်အဖွဲ့မှ ဒေါက်တာ ဆာဆာ က ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် DVB နဲ့ အတိုင်အဖောက် လုပ်၍ မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုရာတွင် "ရုရှားနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မော်စကိုမှာ သွားတွေ့တာကို ကြည့်မယ်ဆိုရင်လည်း အဓိကက သူတို့က နျူကလီးယားအကြောင်းတွေ ပြောတာဟာ တကမ္ဘာလုးရဲ့ လုံခြုံရေးကို ထိခိုက်တယ်ဆိုတာ၊ မြောက်ကိုရီးယားက နျူကလီးယားနိုင်ငံတနိုင်ငံလို ဖြစ်လာတာဟာလည်း အစတုန်းကတော့ ခုနကလိုပဲ စတင်တယ်။ ဒါကြောင့်မို့ သူတို့ဆွေးနွေးချက်တွေကို ကြည့်တဲ့အခါမှာ နျူကလီးယား Research တွေ ပါလာတဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာက US Department of Justice က ဇန်နဝါရီ ၈ ရက် ၂၀၂၅ မှာ ထုတ်ပြန်ထားတာက ဂျပန်နိုင်ငံသား အယ်ဘီဆာဝါက မြန်မာပြည်မှာ ထွက်တဲ့ နျူကလီးယား ဆက်စပ်ကုန်တွေကို သူက အရောင်းအဝယ်လုပ်တာကို တွေ့ရတယ်။ အကြမ်းဖက်စစ်ကောင်စီလက်ထဲမှာ ယူရေနီယံလို့ခေါ်တဲ့ နျူကလီးယားနဲ့ပတ်သက်တဲ့ သတ္တုတွေကို သူတို့လက်ထဲမှာ ဒီလိုထည့်နေတာကိုကလည်း ကမ္ဘာ့လုံခြုံရေးအတွက် အန္တရာယ်အကြီးကြီးရှိတယ်ဆိုတာကိုတော့ အီးယူပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ်၊ ခုနက အယ်ဘီဆာဝါရဲ့အမှုကိုကြည့်ပြီးမှလည်း သူတို့နားလည်ပြီးသားလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ကျနော်တို့အိမ်နီးနားချင်း၊ အာဆီယံ အကုန်လုံးကလည်း အကြမ်းဖက်စစ်အာဏာရှင်လက်ထဲမှာ ခုဏကလို နျူကလီးယာနဲ့ ဆက်စပ်တာတွေရှိမှာကိုတော့ အားလုံးက စိုးကိုစိုးရိမ်ဖို့ အရေးကြီးတယ်။ ဆိုတော့ အကြမ်းဖက်စစ်အာဏာရှင်တွေက ရုရှားနဲ့ပူးပေါင်းတယ်ဆိုတာ တဖက်က ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီအင်အားစုတွေက သူတို့အကြားမှာ ပူးပေါင်းဆောင်ရွက်မှုအားနည်းတယ်လို့ ကျနော်မြင်တယ်။" ဟု လုပ်ကြံဖန်တီး ပြောဆိုထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှား၊ ဘယ်လာရုဇ်ခရီးစဉ်တွင် နျူကလီးယားစွမ်းအင် ကို လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက်အသုံးပြုရန်ဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည့် NUG အကြမ်းဖက်အဖွဲ့မှ ဒေါက်တာ ဆာဆာ က ဆွေးနွေးဆောင်ရွက်ခဲ့သည့် အချက်နှင့် အလျဉ်းမသက်ဆိုင်သည်များကို ချဲ့ကားပြောဆိုပြီး အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်။

လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေသည့် NUG အကြမ်းဖက်အဖွဲ့မှ ဒေါက်တာ ဆာဆာ ၏ ပြောဆိုမှုတွင် "အာဂျင်တီးနားရဲ့ တရားစီရင်ရေးကနေ တရားရုံးမှာပါလာတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ တကယ်တမ်းဆို မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကို လုပ်လာခဲ့တာ ဘယ်သူလဲ။ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရိုဟင်ဂျာတွေ မတိုင်ခင်ကတည်းက ချင်းတွေ၊ ကချင်တွေ၊ ကရင်တွေ၊ ကရင်နီတွေ ကျနော်တို့တိုင်းရင်းသားတွေကို ပိုပြီးသတ်ဖြတ်နိုင်တဲ့သူတွေကို သူရဘွဲ့တွေပေးတယ်။ အဲ့ဒါကို ကျနော်တို့ ရင်ဆိုင်နေရတယ်။ ကိုယ့်ပြည်သူကို သတ်ဖြတ်တဲ့သူကို ရာထူးတိုးပေးတယ်ဆိုတာ ကမ္ဘာမှာ ဘယ်လိုစစ်တပ်မျိုးက ရှိသလဲ။ ကိုယ့်ပြည်သူကိုသတ် နေအိမ်ဘဝကို ဖျက်ဆီးပြီးမှ ဗိုလ်ချုပ်ရာထူးကို ပေးတယ်၊ ဗိုလ်မှူးရာထူးတွေ ပေးတယ်ဆိုတာကတော့ ကျနော် သိသလောက် မင်းအောင်လှိုင်ကိုယ်တိုင်က ကိုးကန့်ပြည်သူလူထုကို တိုက်ခိုက်ပြီးတော့မှ အခုနေရာကို ရောက်တယ်လို့ ကျနော် သိထားပါတယ်။ ဒီရိုဟင်ဂျာအရေးနဲ့ပတ်သက်ရင်လည်း တကယ့်တရားခံ တကယ်ကျူးလွန်သူက ဘယ်လိုအမှုပဲ ဖြစ်လာစေကာမူ နောက်ဆုံးမှာတော့ တရားရုံးမှာ ဖြေရှင်းရမှာပေါ့။" ဟု လုပ်ကြံဖန်တီးပြောဆိုထားသည်ကို တွေ့ရသည်။

လူမျိုးတုန်း သတ်ဖြတ်မှုများကို ကျူးလွန်နေသည်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခြင်းကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး NLD ခေါင်းဆောင်များနှင့် အနောက်အုပ်စု၏ သြဇာခံများ စုပေါင်း၍ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး KNU, KIA, KNPP, KNDF, PNLO, KTLA အစရှီသော တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို သတ်ဖြတ်ခဲ့ရာ သံဃာတော် အပါး (၁၀၀)ကျော် အပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၁၁၀၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages