နေပြည်တော်၊ မတ် ၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် စိန့်ပီတာ စဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery ၌ လွမ်းသူပန်းခွေချ အလေးပြုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ စိန့်ပီတာစဘတ်မြို့ရှိ Piskaryovskoye Memorial Cemetery သို့ ရောက်ရှိကြရာ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အညတရ Piskaryovskoye Memorial Cemetery ၌ လွမ်းသူပန်းခွေချအလေးပြုသည်။ လွမ်းသူပန်းခွေချအလေးပြုစဉ်အချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သီချင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတော် သီချင်းတို့အား တီးမှုတ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကိုရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment