သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း၊ PPTT အမှတ် (၁၂/၂၅) သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း၊ PPTT အမှတ် (၁၂/၂၅) သင်တန်းဖွင့်ပွဲကျင်းပ

211

212


သင်္ဃန်းကျွန်း၊ မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း၊ PPTT အမှတ်(၁၂/၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း၊ PPTT အမှတ် (၁၂/၂၅) သင်တန်းဖွင့်ပွဲတွင် သင်္ကန်းကျွန်ပညာရေးဒီဂရီ‌ ကောလိပ်မှကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီအောင်က ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပြီး သင်ကြားရေး ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း၊ PPTT အမှတ် (၁၂/၂၅)သို့ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၁၈၇) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။


သိန်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages