နေပြည်တော်၊ မတ် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေးလျာထားကြောင်း ထည့်သွင်းပြောကြားသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်း ပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူချိန် ၂ နှစ် တာကာလ အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် စဉ်းစားဆောင်ရွက် ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်မှုလိုအပ်နေ သည့် အချိန်ဖြစ်ခြင်းကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းအားဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်ကောက်ယူရရှိသည့် မြို့နယ် များရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိသည့် မြို့နယ်များ လည်းရှိနေသေးကြောင်း၊ ကောက်ယူရရှိသည့်စာရင်းများအပေါ်မူတည်၍ ဆန္ဒမဲပေးနိုင် သည့် အသက် ၁၈ နှစ်နှင့်အထက်လူဦးရေစာရင်းကို ကောက်ယူရရှိထားပြီးဖြစ် ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲအား ယခုနှစ်ဒီဇင်ဘာလတတိယပတ်နှင့် စတုတ္ထ ပတ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထား ကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် မဲလက်မှတ်များကို အသုံးပြု၍ကောက်ယူခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲလက်မှတ်များအသုံးပြု၍ ရွေးကောက်ပွဲ ဥပဒေနှင့် မညီညွတ်သော ကြိုတင်မဲပေးမှုများ၊ မဲလက်မှတ်ရိုက်နှိပ်မှုများ၊ ဥပဒေနှင့် မညီသောအမိန့်နှင်ညွှန်ကြားချက်များ၊ ပြင်ဆင်မှုများကိုပြုလုပ်ခဲ့ခြင်းကြောင့် မဲမသမာ မှုများနှင့် မဲစာရင်းများမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကိုအားလုံးသိရှိပြီးဖြစ်ကြောင်း၊ အဆိုပါတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံအရ ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ နိုင်ငံတကာ တွင် ရွေးကောက်ပွဲကျင်းပမှုများကိုလေ့လာ၍ ငွေကြေးကုန်ကျမှုများသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီပြီး မဲမသမာမှုပြုလုပ်ရန် မလွယ်ကူသည့် စနစ်ဖြစ်သော Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ မိမိတို့ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင် သရွေ့တစ်နေ့တည်းကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင်ပြုလုပ်ရန်၊ ကြိုတင် ကြေညာရန်ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့် အသတ်ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန် ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများကြောင့် ရွေးကောက် ပွဲအား တစ်ကြိမ်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များကျင်းပရာတွင် အစည်းအဝေး အထမြောက်ခြင်းနှင့်ပတ်သက်၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များနှင့်ပတ်သက်၍လည်း အလားတူ ပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် ဝန်ကြီးချုပ်များကို ရွေးချယ် ခန့်အပ်ရခြင်းဖြစ်သဖြင့် အရေးကြီးကြောင်း။
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Electronic Voting Machine များဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်းနှင့် မဲရလဒ်ရရှိခြင်းများ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းအား အတည်ပြုဆောင်ရွက်နိုင်ကြောင်း၊ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ် ၍ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်မဲ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာမှဆောင်ရွက်နေမှုများကိုလေ့လာ ဆောင်ရွက် လျက်ရှိကြောင်း၊ အချို့နိုင်ငံများတွင် ကြိုတင်မဲပေးခြင်းများကို ခွင့်မပြုထားကြောင်း၊ Electronic Voting Machine ဖြင့် ဆန္ဒမဲပေးခြင်းဖြစ်သဖြင့် ကိုယ်တိုင်မဲပေးရန် လိုအပ်ကြောင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်ပသို့တရားဝင်သွားရောက်လျက်ရှိသည့် ပြည်သူများ ၏ ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ ကြိုတင်မဲ ပေးခွင့်နှင့်ပတ်သက်၍ အားလုံးဝိုင်းဝန်းစဉ်းစားဆွေးနွေးကြစေလိုကြောင်း၊ မည်သို့ပင် ဖြစ်စေ လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီး ရန်လိုကြောင်း။
နိုင်ငံရေး ပါတီများနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ဥပဒေနှင့်အညီ ခွင့်ပြုပေးထားကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စည်းကမ်း သတ်မှတ်ချက်များ ကျော်လွန်သွားသဖြင့် ပယ်ဖျက်ခဲ့ရသည့် ပါတီများကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏အာဏာကို ဥပဒေအရ ခေတ္တထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်သည်ကို ဥပဒေကိုနားလည်သူများက လက်ခံကြပြီး နားမလည်သူများ၊ အာဃာတ တရားထား သူများက ငြင်းပယ်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ကြမည့်သူများအနေဖြင့် သိရမည်မှာ လွှတ်တော်ဟူသည် ဥပဒေပြုရေးကို ဦးစားပေးခြင်းပင်ဖြစ်ကြောင်း၊ ဥပဒေ ပြုရေးအာဏာအနေဖြင့် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ဥပဒေ ပြဋ္ဌာန်း၍ တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကြောင်း ဆောင်ရွက်နေခြင်းပင်ဖြစ် ကြောင်း၊ အထူးသဖြင့် ပါတီနိုင်ငံရေးဆောင်ရွက်မည့်သူများအနေဖြင့် ဥပဒေကိုသိရှိ ရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ယင်းအချက်ကို အလေးထားစဉ်းစားဆောင်ရွက် ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခင်ရွေး ကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေးလျာထားကြောင်း၊ အားလုံးသဘောတူညီဆုံးဖြတ်ပြီး က တစ်နိုင်ငံလုံးကိုအသိပေးမှုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရေး အချိန်ကာလအားဖြင့် ၉ လခန့်ကျန်ရှိပြီး ကြိုတင်ပြင်ဆင်ချိန် ပေးသွားမည်ဖြစ်ကြောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲကိုမထိခိုက်သည့် စနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေး နိုင်ရန်လို ကြောင်း၊ ပါတီများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးမှတ်ပုံတင်ခွင့် များကို အချိန်လုံလုံလောက်လောက်ပေး၍ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment