ပုသိမ်ကြီး၊ မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် နွေရာသီ ကျောင်းပိတ်ရက် ကလေးများအတွက် အခြေခံအင်္ဂလိပ် Speaking သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဌာနရှိ ပံသုကျီခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးဇင်မင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ ဦးကျော်သီဟမှ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရေး အခြေခံ အင်္ဂလိပ်စကားပြောသင်တန်း ပူးပေါင်းဖွင့်လှစ်ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ပုသိမ်ကြီးမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၀ ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကာလ သုံးပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။ သင်တန်းသားများအား နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment