ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဆောင်းနေကြာ Supersun(41) မျိုး စံပြစိုက်ကွင်းရိတ်သိမ်းပွဲ အခမ်းအနား တတ်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဆောင်းနေကြာ Supersun(41) မျိုး စံပြစိုက်ကွင်းရိတ်သိမ်းပွဲ အခမ်းအနား တတ်ရောက်ကြည့်ရှုအားပေး

024

025


သာပေါင်း၊ မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်း ကျေးရွာ၊ လယ်မြေ (၂၀)ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် ဆောင်းနေကြာ (SuperSun-41)မျိုး (၂၀)ဧက စံပြစိုက်ကွင်း ရိတ်သိမ်းပွဲသို့ တတ်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ဆောင်းနေကြာ Supersun(41)မျိုး စံပြစိုက်ကွင်းရိတ်သိမ်းပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်လွင်က နေကြာစိုက်ပျိုး ဆောင်ရွက်မှုများကို ရှင်းလင်းတင်ခဲ့သည်။

ထို့နောက်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့၊ တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝမ်းနှင့်အဖွဲ့၊ တိုင်းမြေစာရင်းဦးစီးမှူး ဦးမြင့်ကြိုင်နှင့်အဖွဲ့ဝင်များ၊ တ်ိုင်းအဆင့်ဌာနအကြီးအကဲများ၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့်ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်မှ တောင်သူ(၂၀၀)ဦးတို့ တက်ရောက်ကြပြီး သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာ၊ ကွင်းအမှတ်(၆၇၉)၊ ဦးပိုင်အမှတ်(၄/၂)ရှိ တောင်သူဦးမြင့်စိုး ပိုင် လယ်မြေ(၂၀)ဧကပေါ်တွင် စိုက်ပျိုးထားသော Supersun (41)မျိုး ဆောင်းနေကြာ စံပြစိုက်ကွင်းရိတ်သိမ်းမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်မျိုးဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages