နောင်ချို၊ မတ် ၁၂
နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသအတွင်းရှိ အကြမ်းဖက် TNLA စခန်း ၂ ခုအား မတ် ၁၂ ရက် နေ့လည်ပိုင်းအချိန်က Surveillance Drone ဖြင့် ကင်းထောက်၍ ကွန်မန်ဒိုစစ်ကြောင်း ၂ ခု က တချိန်တည်းတပြိုင်တည်း ဝင်ရောက်တိုက်ခိုက် စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ အငိုက်မိ၍ အနည်းငယ်သာ ခုခံတိုက်ခိုက်နိုင်ပြီး အလောင်း/လက်နက်များအား ဆိုင်ကယ်များဖြင့်ဆွဲယူ ထွက်ပြေးသွားခဲ့သည်။ စစ်ကြောင်းများမှာ ဆုတ်ခွာရန်သူနောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စခန်းမှ Type-81 သေနတ် ၁ လက်၊ ကျည်အိမ်များ၊ ကျည် ၈၅၀ တောင့်၊ မိုင်းမျိုးစုံ ၉ လုံး၊ RPG ဒုံးသီး ၁ လုံး၊ သဲအိတ်ဘန်ကာ ၁၀ လုံး၊ မြေခွေးကျင်း ၈ ကျင်း၊ ဆသရမြောင်း ၂၅၀ မီတာခန့်ရရှိခဲ့သည်။
ဒုတိယမြောက် TNLA အကြမ်းဖက်စခန်းတွင် ကျည်အိမ် ၈ ခု၊ ကျည် ၉၃၀ တောင့်၊ အီနာဂါ ၃ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ သဲအိတ်ဘန်ကာ ၁၁ လုံး၊ ပစ်ကျင်း ၉ ကျင်း၊ ဆသရမြောင်း ၁၅၀ မီတာခန့်၊ မှန်ပြောင်း ၁ လက် တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်သမားများ စွဲမပြေးနိုင်ဘဲ ကျန်ခဲ့သည့် အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုများလည်း ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment