USAID ဝန်ထမ်းတွေကို အထောက်အထားအချက်အလက်တွေ မီးရှို့ဖျက်ဆီးဖို့ ညွှန်ကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

USAID ဝန်ထမ်းတွေကို အထောက်အထားအချက်အလက်တွေ မီးရှို့ဖျက်ဆီးဖို့ ညွှန်ကြား

007

မတ်-၁၂ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ၏ ယာယီ အမှုဆောင် အတွင်းဝန် အီရီကာကားရ် သည် ဝါရှင်တန်ဒီစီရှိ အေဂျင်စီ၏ ရုံးချုပ်ဟောင်းတွင် သိမ်းဆည်းထားသော အရေးကြီးသော စာရွက်စာတမ်းများကို ဖျက်ဆီးရန် ကျန်ဝန်ထမ်းများအား ညွှန်ကြားခဲ့သည်ဟု ပြည်တွင်းအီးမေးလ်တစ်စောင်အရ သိရသည်။

မကြာသေးမီက ဖွဲ့စည်းထားသော အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE) ကို ဦးဆောင်သည့် သမ္မတ ဒေါ်နယ်ထရမ့်  နှင့် အီလွန်မက်စ် တို့က နိုင်ငံခြားတိုင်းပြည်များ နိုင်ငံရေးပရောဂျက်ရန်ပုံငွေအတွက် အဓိကအထောက်အပံ့ပေးနေသော အမေရိကန်အေဂျင်စီ USAID သည် အခွန်ထမ်းငွေကို အလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစားမှုကို အားပေးကူညီသည်ဟု ထပ်ခါတလဲလဲ စွပ်စွဲခဲ့ပါတယ်။ ဖက်ဒရယ်အသုံးစရိတ် ဖြတ်တောက်ရန် ပိုမိုကျယ်ပြန့်သောကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အေဂျင်စီ၏ ဝန်ထမ်း ၂,၀၀၀ ကို အလုပ်မှထုတ်ပယ်ခဲ့ပြီး ကျန်ဝန်ထမ်းအများစုကို ခွင့်ရက်အဖြစ် ထားခဲ့ပါတယ်။ 

ProPublica သတင်းဌာန မှ ပထမဆုံးရရှိသော အီးမေးလ်တွင် ကားရ် က ရော်နယ်ရေဂင် အဆောက်အအုံရှိ အမျိုးအစားခွဲထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာစာရွက်စာတမ်းများကို ဦးစားပေး ရှင်းလင်းရန်အတွက် ကျန်ရှိသောဝန်ထမ်းများကို အင်္ဂါနေ့တွင် ညွှန်ကြားခဲ့ပါတယ်။ စာရွက်စာတမ်းများကို ဖျက်ဆီးပစ်ခြင်းကို ဦးစားပေးရန်နှင့် မီးရှို့ပစ်ရန် ဝန်ထမ်းများအား အကြံပေးခဲ့ပါတယ်။ 

“စာရွက်စာတန်းတွေကို တတ်နိုင်သမျှ အရင်ဖျက်ပါ၊ ဖျက်စက်မနိုင်ရင် မီးလောင်လွယ်တဲ့အိတ်တွေကို ကြိုမှာထားလိုက်ပါ” လို့ အီးမေးလ်မှာ ရေးထားပါတယ်။ “မီးလောင်လွယ်တဲ့ အိတ်များမှာ ထည့်ပြီးတာနဲ့ USAID လျှို့ဝှက်ဆိုတဲ့ တံဆိပ်ရိုက်ထားပါ။ အိတ်တွေ လိုသလောက်မရဘူး ဆိုရင် ကျမရဲ့ SEC InfoSec ကို အမြန် သတင်းပို့ပါ” လို့ အီးမေးလ်မှာ ပါရှိပါတယ်။ 

စာရွက်စာတမ်းများ ဖျက်စီးရခြင်းအကြောင်းအရင်းကို အီးမေးလ်တွင် မဖော်ပြထားပါ။  အဆိုပါ ညွှန်ကြားချက် က ဖက်ဒရယ် မှတ်တမ်းထိန်းသိမ်းမှုဥပဒေများကို ချိုးဖောက်နိုင်တာဖြစ်ပြီး အေဂျင်စီ ပြန်လည်ဖွဲ့စည်းခြင်းကို စိန်ခေါ်မှု ဖြစ်လာနိုင်တာကြောင့်  USAID ဝန်ထမ်းများနှင့် ဥပဒေကျွမ်းကျင်သူများအကြား စိုးရိမ်မှုများ မြင့်တက်လာသည်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages