ပဲခူး၊ မတ် ၂၆
နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသော်အားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA),(ပဲခူးတိုင်းဒေသကြီး)မှ ကြီးမှူး၍အသင်းသူ/အသင်းသားများ၊ စစ်မှုထမ်းဟောင်းများ၊ စစ်သည်မိသားစုများ စုပေါင်းသွေးလှူဒါန်းခြင်းအား ယမန်နေ့က ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။
သွေးလှူဒါန်းသူများအား ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြပြီး တိုင်းဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးလှတင်ဦးနှင့် အမှုဆောင်များ၊ နယ်မြေခံတပ်ရင် ဗိုလ်မှူးကြီး နှင့် အလှူရှင်များမှ သွေးလှူဒါန်းကြသူများအား ကြက်ဥ၊ နို့မှုန့်ထုပ်၊ အချိုရည်၊ ဘီစကစ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment