ပဲခူး , မတ် ၂၆
နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ပဲခူးတိုင်းဒေသကြီး)မှကြီးမှူး၍ ယမန်နေ့က ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) (ပဲခူးတိုင်းဒေသကြီး)မှ အသင်းသူ/ အသင်းသားများ၊ စစ်မှုထမ်းဟောင်းများ၊ စစ်သည်မိသားစုများ စုစုပေါင်း(၈၀)ဦး တို့က သွေးပုလင်း(၈၀)အား သွေးဖေါက်လှူဒါန်းခဲ့ကြသည်။
သွေးလှူဒါန်းသူများအား ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကူညီစောင့်ရှောက်မှုများပေးခဲ့ပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) (ပဲခူးတိုင်းဒေသကြီး)ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးလှတင်ဦးနှင့် အမှုဆောင်များ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးတင်မောင်လွင်နှင့် အလှူရှင်များက ကြက်ဥ၊ နို့မှုန့်ထုပ်၊ အချိုရည်နှင့် ဘီစကစ်မုန့်များ လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment