နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေး လိုအပ်သည်များလမ်းညွှန်မှာကြား၊ ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများကွဲအက်ခြင်းတို့ (လုံးဝ) မရှိကြောင်းနှင့် အခြားသာသနိက အဆောက်အဦများတွင် ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေး လိုအပ်သည်များလမ်းညွှန်မှာကြား၊ ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများကွဲအက်ခြင်းတို့ (လုံးဝ) မရှိကြောင်းနှင့် အခြားသာသနိက အဆောက်အဦများတွင် ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိရ

010


နေပြည်တော်၊ ဧပြီ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ် ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ် တော်အတွင်းရှိ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ဂေါပကဥက္ကဋ္ဌ ဦးသန့်ဆွေ၊ စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်နိုင်ဦး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် တာဝန်ရှိသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီး၏ အတိုင်းအတာအချက်အလက်များနှင့် Datum Point များအား နေ့စဉ်၊ လစဉ်တိုင်းတာစစ်ဆေးလျက်ရှိမှု၊ မတ် ၂၇ ရက်နေ့အထိ တိုင်း တာ ထားရှိသည့် အချက်အလက်များနှင့် မတ် ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးချိန်တွင် တိုင်းတာရရှိသည့် အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးချက်များအရ Datum Point များ ပြောင်းလဲသွားခြင်းမရှိကြောင်းနှင့် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီး တို့အနေဖြင့် တိမ်းစောင်း ခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများကွဲအက်ခြင်းတို့ (လုံးဝ) မရှိကြောင်းကို စစ်ဆေးတွေ့ရှိရမှု၊ ရင်ပြင်တော်ကြီး၊ ဂန္ဓကုဋိတိုက်တို့ရှိ ကျောက် ပြားများ အပါ အဝင် သာသနိကအဆောက်အဦများရှိ မျက်နှာကျက်များ ငလျင်ဒဏ် ကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့မှုနှင့် ပြုပြင်ဆောင်ရွက်လျက်ရှိမှု၊  အခြားသာသနိက အဆောက်အဦများနှင့် ပရိဝုဏ်တော်အတွင်းရှိ ပတ်လမ်းများတွင် ငလျင်ဒဏ်ကြောင့် ထိ ခိုက်ပျက်စီးမှုများ အနည်းငယ်ဖြစ်ပေါ်ခဲ့မှု ရုပ်ပွားတော်မြတ်ကြီး စတင်တည်ထားစဉ် ကတည်းက ဖွဲ့စည်းထားရှိသည့် တည်ဆောက်ရေးအဖွဲ့နှင့် ငလျင်ပညာရှင်အဖွဲ့တို့ဖြင့် ငလျင်ဆိုင်ရာဖြစ်ပွားမှုအပေါ် ခေတ်မီနည်းပညာများဖြင့် စနစ်တကျစစ်ဆေးနိုင်ရေးနှင့် မှတ်တမ်းတင်ထားရှိနိုင်ရေး၊ အနည်းငယ်သောထိခိုက်ပျက်စီးမှု အခြေအနေများအား စနစ်တကျပြုပြင်နိုင်ရေး၊ နောင်တွင်ဖြစ်ပေါ်လာနိုင်မည့် ငလျင်အခြေအနေများ အပေါ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု စသည်တို့ကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်း များ စတင်ဆောင်ရွက်စဉ်ကတည်းကပင် ရေရှည်တည်တံ့ ခိုင်မြဲစေရေအတွက် လေပြင်း တိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများ အသုံး ပြုတည်ဆောက်ခဲ့မှုကြောင့် ယခုကဲ့သို့ ပြင်းထန်ငလျင်ဖြစ်ပေါ်ခဲ့သည့်အချိန်တွင် ဆင်းတု တော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထား သည့်အပိုင်းများကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အနည်းငယ်မျှသော ထိခိုက်ပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်ရာတွင်လည်း စနစ်တကျ ဖြင့် ပြုပြင်ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြား လိုအပ် သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကြည် ညိုကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်  မာရဝိဇယရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပုရိဝုဏ်တော်နှင့် ဂန္ဓကုဋိတိုက် ပတ်လမ်းအတွင်း လှည့် လည်၍ ရေရှည်တည်တံ့ခိုင်မြဲရေးထိန်းသိမ်းဆောင်ရွက်ထားရှိမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်အား ပြုပြင်ဆောင်ရွက်လျက်ရှိမှု တို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးရှိ ခေါင်းလောင်းတော်အား ထိုးခတ်ပူ ဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း ထိခိုက်ပျက် စီးမှုအနည်းငယ်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လို အပ်သည်များ မှာကြားကာ ဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညိုသည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မာရဝိဇယဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယခုဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့် ရေရှည်တည်တံ့ ခိုင်မြဲမှု ရှိစေရေး ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများအပေါ်တွက်ချက်၍ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးသည် ထုထည်ပမာဏကြီးမားပြီး ဉာဏ်တော်အရလည်း ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သကဲ့သို့ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးသည်လည်း အတွင်း အလယ်ဒေါက်တိုင်လုံးဝမပါရှိသည့် အတွင်းလှိုဏ်သဏ္ဍာန် ဒီဇိုင်းရေးဆွဲတည် ဆောက်ထားသော ထုထည်ပမာဏကြီးမားသည့် သာသနိက အဆောက်အဦကြီးတစ်ခု ဖြစ်ကြောင်း၊ ပြင်းထန်သည့်ငလျင်သဘာဝဘေးဒဏ်သည် အင်ဂျင်နီယာပညာရှင်များ နှင့် အင်ဂျင်နီယာနည်းပညာများအတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အလွန်ပြင်းထန်ပြီး ရှားပါးသည့်မြေငလျင် သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရချိန်တွင် မာရဝိဇယဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျ ခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ခြင်းနှင့် အခြားသာသနိ က အဆောက်အဦများတွင် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်ခဲ့သည်မှာ မိမိတို့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူရမည်ဖြစ်ပြီး တည်ထားပူဇော်ရာတွင် ပါဝင်ခဲ့သည့် အင်ဂျင် နီယာပညာရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ ခိုင်မြဲမှုရှိစေရေး စနစ်တကျဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဖြင့်မှာကြားခဲ့သည်။

အဆိုပါ ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ် တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ရာတွင် အပိုင်းလိုက်ခွဲကာ CNC စက်များနှင့် အဆင့်ဆင့်ထွင်းထုခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်းတုတော် အပိုင်းများတွဲဆက်ရာတွင် ခိုင်မာမှုရှိစေရေးအတွက် ခေတ်မီအင်ဂျင်နီယာ နည်းပညာ များနှင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲ စေရန်အတွက် တန်ချိန် ၂၀၀၀၀ ထိ ခံနိုင်သည့် အောက်ခံအမာရရှိရေး၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာ နိုင်ငံတွင်အမြင့်ဆုံး လှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိ စေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက်တည် ဆောက်ခဲ့ခြင်းဖြစ် ကြောင်း၊ ဆင်းတုတော်ကြီး၏ကျောက်တုံးတော်ကြီးများကို တွဲဆက်ခြင်းများ ဆောင်ရွက် ရာတွင်လည်း သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီအင်ဂျင်နီယာနည်းလမ်းများ ပေါင်းစပ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ဆောင်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန် အတိုင်း ခေတ်မီနည်းစနစ်ဖြင့်ပေါင်းစပ်ကာကြည်ညိုစဖွယ် သပ္ပာယ်လှသည့် ကမ္ဘာ့အ ကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ချိန်တွင် ထိခိုက်ပျက်စီးမှု လုံးဝမရှိခဲ့ခြင်းသည် အင်ဂျင်နီယာပညာရပ်အတွက် ဂုဏ်ယူဖွယ်ရာတည်ဆောက်နိုင်မှုတစ်ခုပင်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarEarthquake

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages