နေပြည်တော်၊ ဧပြီ ၆
အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့သည့်နေရာများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီတုန့်ပြန်ဆောင်ရွက်ခဲ့ရာတွင် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် စင်ကာပူ နိုင်ငံမှ Singapore Civil Defence Force/ Operation Lionheart Contingent အဖွဲ့သည် COL Tay Zhi Wei ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးခွေးများ အဆင့်မြင့်
နည်းပညာရပ်သုံးပစ္စည်းကိရိယာများနှင့်အတူ ၂၉.၃.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး နေပြည်တော်အတွင်းရှိမြို့နယ်များပျဉ်းမနားမြို့နှင့်ပျော်ဘွယ်မြို့တို့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး (အထူး)အဖွဲ့များ၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ Life Sign Assessment လုပ်ငန်းများအား ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါသည်။
Singapore Civil Defence Force/ Operation Lionheart Contingent အဖွဲ့သည်လုပ်ငန်းများပြီးဆုံး၍ စင်္ကာပူနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ ၆.၄.၂၀၂၅ ရက်နေ့တွင် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူအား တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ၎င်းတို့တပ်ဖွဲ့မှ ယူဆောင်လာသည့် ရှာဖွေကယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာ များထဲမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာ အမျိုးအစား (၁၁)မျိုးတို့အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တွင်အသုံးပြုနိုင်ရေးအတွက် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
လှူဒါန်းခဲ့သောပစ္စည်းစာရင်း
၁။ Festival dome/shade (၆)လုံး၊
၂။ Foldable tables & Benches (၄)လုံး၊
၃။ 1-Man Tent (၇၉)လုံး၊ Tent Lights (၈၀)လုံးခန့်၊
၄။ Inflable Pillow (၈၀)လုံးခန့်၊
၅။ Yoga mat (၈၀)ခုခန့်၊
၆။ Slippers (၅၀)ရံခန့်၊
၇။ Spray Paint (၁၀)ဘူးခန့်၊
၈။ Dog Food (၁)ပါကင်၊
၉။ 3M Mask (၅၀)ခုခန့်၊
၁၀။ Mini Cutter Battery (၁)လုံး၊
၁၁။ Canned Food/ OTG
စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့
ဆောင်ရွက်ချက်
(က) ၂၉-၃-၂၀၂၅ ရက်နေ့တွင် တိုက်အမှတ် ၂၂၀၃ နှင့် ၂၂၀၄ တို့တွင် Life Sign Assessment ပြုလုပ်ပေးခဲ့ပြီး အောင်သပြေ ရုပ်ရှင်ရုံနောက် အဆောက်အအုံတွင် အသက်ရှင်လျက် ၁ ဦးအား ကယ်ထုတ် ပေးနိုင်ခဲ့ပါသည်။
( ခ ) ၃၀-၃-၂၀၂၅ ရက်နေ့တွင် တိုက်အမှတ် ၂၃၆၇ နှင့် ပျော်ဘွယ်မြို့ KBZ ဘဏ်တို့ တွင် Life Sign Assessment ပြုလုပ်ပေး ခဲ့ပါသည်။
( ဂ ) ၃၁-၃-၂၀၂၅ ရက်နေ့တွင် တိုက်အမှတ် ၃၃၅၆၊ ၃၃၆၉၊ ၄၃၁၃ နှင့် ခရေ တိုက် အမှတ်၂၀ နှင့် ၇၁၊ ဥတ္တရသီရိပင်လုံဆေးရုံ တို့တွင် Life Sign Assessment ပြုလုပ် ပေးခဲ့ပါသည်။
(ဃ) ၁-၄-၂၀၂၅ ရက်နေ့တွင်ပျဉ်းမနားမြို့နယ် အတွင်းရှိ နေရာများနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ပါသည်။
( င ) ၃-၄-၂၀၂၅ ရက်နေ့တွင်ခရေတိုက်အမှတ် ၁၈၊ ၂၀၊ ၅၅၊ ၅၆၊ ၆၆၊ ၇၁၊ ၇၂၊၇၃၊ ၇၄၊ ၇၅၊ ၇၆၊ ၈၈၊ ၈၉၊ ၉၅၊ ၁၀၆ ၏ Canteen တို့တွင် ASR Level 4 ဆောင်ရွက်ခဲ့ ပါသည်။
( စ ) ၄-၄-၂၀၂၅ ရက်နေ့နှင့် ၅-၄-၂၀၂၅ တွင် Jade City Hotel တွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ASR Level 4 ဆောင်ရွက် ခဲ့ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment