ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြား

006

007

008

009

012

013

014


နေပြည်တော်၊ ဧပြီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များ လိုက်ပါ ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်အဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိ သည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital သို့ ရောက် ရှိကြရာ အဖွဲ့ခေါင်းဆောင် Lt. Col Jagneet Gill နှင့်တာဝန်ရှိသူများက ဆေးကုသမှု ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလိုက်လံရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည်ဆေးကုသမှုခံယူနေသူများကို တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကူညီကယ်ဆယ်မှုများနှင့် ဆေးကုသပေးမှု များ လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့များအတွက် အမှတ်တရလက်ဆောင် ပစ္စည်းများနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ပြီးအိန္ဒိယ တပ်မတော် ဆေးကုသရေးအဖွဲ့ခေါင်းဆောင်က လက်ခံရယူပြီး အမှတ်တရလက်ဆောင် ပစ္စည်း ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital  ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး အိန္ဒိယတပ်မတော်ဆေး ကုသရေး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာမန္တလေး ဟိုတယ်ရှေ့၌ ယာယီအခြေပြု၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် တရုတ်နိုင်ငံ China Search and Rescue ကူညီကယ်ဆယ်ရေးအဖွဲ့အားသွားရောက်တွေ့ဆုံရာ အဖွဲ့ခေါင်းဆောင် Mr. Kyauk Me က ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်း လင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုကဲ့သို့ လာရောက်ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင် ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်၊ မြန်မာနိုင်ငံတွင်ရရှိခဲ့သည့် ကူညီကယ်ဆယ်ရေးအတွေ့အကြုံများ ကိုလည်း မျှဝေပေးသွားစေလိုပြီး မိမိတို့အနေဖြင့် ယခုဖြစ်စဉ်ဖြစ်ရပ်အပေါ် သင်ခန်းစာ ယူ၍ နောင်တွင်ဖြစ်ပေါ်လာနိုင်မည့်သဘာဝဘေးအန္တရာယ်များအပေါ် ကြိုတင်ကာ ကွယ်ခြင်းလုပ်ငန်းများအား ဆက်လက်သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကျေးဇူးတင်စကားများကို ပြောကြားကာ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး တို့က အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ရာ အဖွဲ့ခေါင်း ဆောင်နှင့်တာဝန်ရှိသူများက လက်ခံရယူကြပြီး တရုတ်နိုင်ငံ ကူညီကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ယခုဖြစ်ပေါ်ကြုံတွေ့နေရသည့် ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ် ဆုံးရှုံးခဲ့ရမှုများကို အဆွေတော်ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် အကောင်းဆုံး ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံးရောက်ရှိမည်ဟု ယုံကြည်ပါ ကြောင်းနှင့် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ဆုမွန်ကောင်းစကား ပြန်လည်ပြော ကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလာသီရိအားကစားကွင်းသို့ ရောက်ရှိကြပြီး အားကစားကွင်းနေရာ တွင် ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည့် ရုရှားနိုင်ငံမှ Major General Sergey Voroutsov ဦး ဆောင်သော ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားများပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းတို့ကို ပေးအပ်ရာ အဖွဲ့ခေါင်းဆောင်က လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ အားကစားကွင်းအတွင်း ယာယီအခြေပြု၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသည့် ဘယ်လာရုစ်နိုင်ငံမှ Col. Eagle ဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအားသွားရောက်တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူး တင်စကားများပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  အမှတ်တရလက်ဆောင်ပစ္စည်းနှင့် သစ်သီးခြင်းတို့ကို ပေးအပ် ရာ အဖွဲ့ခေါင်းဆောင်နှင့်တာဝန်ရှိသူများက လက်ခံရယူပြီး အမှတ်တရလက်ဆောင် ပစ္စည်း ပြန်လည်ပေးအပ်ကာ အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော် ကာ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူများလှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူး တော်များ၊ ငလျင်လှုပ်ခတ်စဉ် ကွာကျခဲ့ရသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီ များ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။ 

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မဟာမုနိပိဋကတ်တိုက်တော်ကြီးအတွင်းရှိ ရှေးဟောင်းပိဋကတ်တော်များ ထိန်းသိမ်း ထားရှိမှုများ၊ ကြေးရုပ်ပြတိုက်အတွင်းရှိ ရှေးဟောင်းကြေးရုပ်ကြီးများ ထိန်းသိမ်းထားရှိ မှု တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ရမှု များကို အမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။ 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အဦများ ငလျင် ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့စဉ် မဟာမြတ်မုနိဘုရားရုပ်ပွားတော်ကြီးနှင့် သာသနိ ကအဆောက်အဦများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင် ပြကြသည်။ 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများအား မူလလက်ရာမပြတ် စနစ်တကျဖြင့် ပြန် လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေ များ၊ ပြိုကျနေဆဲဖြစ်သည့် အန္တရာယ်ရှိ အဆောက်အဦများကို စနစ်တကျဖြင့် ဖြို ဖျက်မှုများဆောင်ရွက်သွားရန်လိုပြီး ပြုပြင်မှုများကို အပိုင်းလိုက်စနစ်တကျဖြင့် ဆောင် ရွက်သွားရန်လိုသည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား တပ်မတော်သားများ နှင့် စေတနာ့ဝန်ထမ်းများက အပျက်အစီးများရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မန္တလေးမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ၊ ကျောက်ဆည်မြို့ အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို ရဟတ်ယာဉ်များဖြင့် လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages