တစ်နာရီအတွင်း မြန်မာ၊ အိန္ဒိယ၊ တာဂျစ်ကစ္စတန်တို့တွင် ငလျင် ၄ကြိမ် လှုပ်ခတ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

တစ်နာရီအတွင်း မြန်မာ၊ အိန္ဒိယ၊ တာဂျစ်ကစ္စတန်တို့တွင် ငလျင် ၄ကြိမ် လှုပ်ခတ်

104

ဧပြီ - ၁၃ ( တနင်္ဂနွေ နေ့ ) 

အိန္ဒိယ၊ မြန်မာနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့တွင် တနင်္ဂနွေနေ့ နံနက် ၉ နာရီလောက်က ၁ နာရီအတွင်း ငလျင်လေးခု လှုပ်ခတ်ခဲ့ပြီး အာရှအလယ်ပိုင်းနှင့် တောင်အာရှတစ်ဝှမ်း စိုးရိမ်မှုများ မြင့်တက်လာခဲ့ရပါတယ်။ 

ပထမငလျင်သည် Himachal Pradesh ၏ Mandi ခရိုင်တွင် နံနက် ၉ နာရီတွင် လှုပ်ခတ်ခဲ့ပြီး အနက် ၅ ကီလိုမီတာတွင် ပြင်းအား ၃ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသား ငလျင်ဗေဒဗဟိုဌာန (NCS) ၏ ပြောကြားချက်အရ သိရပါတယ်။ ငလျင်ဗဟိုချက်မှာ 31.49°N၊ 76.94°E တွင် တည်ရှိပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အနီးတွင် ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGS) မှ ထုတ်ပြန်ခဲ့ပါတယ်။ 

နံနက် ၉ နာရီ ၅၄ မိနစ်တွင် တာဂျစ်ကစ္စတန်တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး မူလက ခန့်မှန်းခြေ ၆ ဒသမ ၄ ရှိပါတယ်။ အဆိုပါငလျင်သည် အနက် ၁၀ကီလိုမီတာ 38.86°N, 70.61°E တွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး နံနက်ခင်း၏ အပြင်းထန်ဆုံး ငလျင်ဖြစ်ပါတယ်။

ထို့နောက် နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် ပြင်းအား ၃ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး အနက် ၁၀ ကီလိုမီတာတွင် ထပ်မံလှုပ်ခတ်သွားကာ ယင်းဒေသတွင် ငလျင်လှုပ်ခတ်မှု တိုးလာမည်ကို စိုးရိမ်မှုများ တိုးလာစေပါတယ်။


REF: Hindustan times

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages