မလေးရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရောက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မလေးရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရောက်ရှိ

 

016

015

နေပြည်တော်၊ ဧပြီ ၇

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ နိုင်ငံများ အလိုက်ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် အဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ဆိုင်ရာ သူနာပြုဆေး အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ် အချိန် မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့ဝင် WAN ZAINAL ABIDN BIN WAN YAACOB ပါ ၁၃ ဦးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ စောင်များနှင့် စားသောက်ဖွယ်ရာများ ၁၀၈၈၈ ကီလိုဂရမ် တင်ဆောင်၍ မလေးရှားနိုင်ငံ၊ Kuala Lumpur Subang Airportမှ နေပြည်တော် (တပ်မတော်) လေဆိပ်သို့ လည်းကောင်း၊ ၈ နာရီ ၃၄ မီနစ်အချိန် မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် MOHD HAFIFI HAFIDZ BIN ABD RAZAK ပါ ၁၃ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်း များ၊ စောင်များနှင့် စားသောက်ဖွယ်ရာများ၊ မီးဖိုချောင်သုံး ပစ္စည်းများ အလေးချိန် ၈၂၁၂ ကီလိုဂရမ်တင်ဆောင်၍ မလေးရှားနိုင်ငံ၊ Kuala Lumpur Subang Airportမှ နေပြည်တော်ရှိတပ်မတော်လေဆိပ်သို့ လည်းကောင်း ၊ ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် MAI လေကြောင်းလိုင်းဖြင့်ကယ်ဆယ်ရေး ပစ္စည်းစုစုပေါင်း အလေးချိန် ၁၅၂၅၀ ကီလိုဂရမ်တင်ဆောင်၍ မလေးရှား နိုင်ငံ KUALA LUMPUR INTERNATIONAL AIRPORT မှ နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိလာပြီး ၎င်းပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်တင်တင်လေး မှ လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရသည်။ 

ယင်းနောက် ညပိုင်း ၆ နာရီ ၅၀ မိနစ်အချိန်တွင် ဘယ်လာရုစ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် ဆေးဝါး နှင့် တဲများပါဝင်သည့် ၁၉၄၀၀ ကီလိုဂရမ်သယ်ဆောင်၍ Ministry of Emergency Situation ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဟူဒါလျက်ဗ် အလက်ဇန်းဒါ ဦးဆောင် သည့်အဖွဲ့သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိလာရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကိုယ်စား တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages