မြန်မာ - ထိုင်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက် ရောင်းဝယ်မှုများပပျောက်ရေးတို့ အတွက်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာ - ထိုင်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက် ရောင်းဝယ်မှုများပပျောက်ရေးတို့ အတွက်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေး

052

နေပြည်တော်၊ ဧပြီ ၄

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarm Shinawatra နှင့် ယနေ့ဒေသ စံတော်ချိန်နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာ ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် က မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့ရမှုများ အပေါ် မိမိနှင့် မိမိတို့ပြည်သူများအနေဖြင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ဆေးဘက်ဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှလိုအပ်သည့် အခြေအနေများကိုသိရှိနိုင်ရန်အတွက် မိမိတို့နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှား နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတို့သည် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက် မည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့်အကူအညီများကို မိမိတို့ နိုင်ငံအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိုင်းနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခဲ့မှုများနှင့် ပတ်သက်၍အဆွေတော်နှင့် အဆွေတို့ပြည်သူများအနေဖြင့် ဝမ်းနည်းကြောင်းပြော ကြားပေးမှုများနှင့် လိုအပ်သည့် အကူအညီများဆောင်ရွက်ပေးမှုများကို မိမိတို့အနေ ဖြင့် ထိုင်းနိုင်ငံပြည်သူများကို များစွာကျေးဇူးတင်ဝမ်းမြောက်ရပါကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း ထိခိုက်မှုဖြစ်ပွားခဲ့သည်ကိုလည်းသိရှိရပါကြောင်း၊ အဆိုပါထိခိုက်မှုအတွင်း မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ်လည်း စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ လာရောက်၍ အကူအညီပေးနိုင်ရေးလိုအပ်သည်များကို ကြည့်ရှုမည်ဆိုသည်ကိုလည်း မိမိတို့အနေဖြင့်ကြိုဆိုကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်း မွန်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက် ရောင်းဝယ်မှုများပပျောက်ရေးတို့ အတွက်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ အလားတူ တရားမဝင်အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေး လိမ်လည်မှုများပပျောက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ များ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းပပျောက်စေရေး အတွက် နယ်စပ်နေပြည်သူများအားအသိ ပညာပေးမှုများနှင့် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးသွားမည့်အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက် လက်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက် ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages