ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ငွေကျပ် ၁၀ သိန်း စီ ထောက်ပံ့ပေးအပ်သွားမည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ငွေကျပ် ၁၀ သိန်း စီ ထောက်ပံ့ပေးအပ်သွားမည်

008-01

009

010

011

012

013

နေပြည်တော်၊ ဧပြီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကို ယမန်နေ့က ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ငွေကျပ် ၁၀ သိန်း စီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး က ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင်ငွေကျပ် ၁၀ သိန်း စီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုများနှင့် ပတ်သက်၍လည်း အဆောက်အဦပျက်စီးမှုများအပေါ်မူတည်ပြီး နိုင်ငံတော်မှ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသူများအနေဖြင့်လည်း မတော်လောဘများဖြင့် ဈေးနှုန်းများ အဆမတန်မြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။

မကြာမီတွင် ရောက်ရှိတော့မည့် သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ အများသူငှာ ပူဆွေးသောက ရောက်နေသည့်အချိန်ဖြစ်သဖြင့် ယခင်နှစ်များကဲ့သို့ စည်စည် ကားကားနှင့်ပျော်ပျော်ပါးပါး လုပ်ဆောင်ရန်မသင့်လျော်သည့်အတွက် သင်္ကြန်ကာလ ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အေးအေးချမ်းချမ်းဖြင့်သာ ဖြတ်သန်းသွား ကြရန် အားလုံးကိုအလေးထား မှာကြားလိုကြောင်း၊ ရိုးရာအစဉ်အလာနှင့်အညီ ရေပတ်ကစားခြင်းများကိုသာ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုအချိန်တွင် အရေးကြီးသည် မှာလုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် ပြီးစီးစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများအနေဖြင့်လည်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိမိတို့၏ ဝန်ကြီးဌာနလက်အောက်ခံရုံးဌာနများသို့ သွားရောက်၍ ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး က ငလျင်ဒဏ်ကြောင့် လူနေအဆောက်အဦများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် ခဲ့သဖြင့် လူအများစုမှာ အဆောက်အဦများ၏ ပြင်ပတွင်နေထိုင်လျက်ရှိကြောင်း၊ ထို့ ကြောင့် ယာယီနေထိုင်မှုများအဆင်ပြေစေရေး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ယာယီတဲများအားလုံးကို ထုတ်ယူသုံးစွဲရန် မိမိ အနေဖြင့်ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဝမ်းရောဂါများမဖြစ်ပွားစေရေးအတွက် သန့်ရှင်းရေးနှင့်ကျန်းမာရေးနှင့်ညီညွတ်သည့် ယာယီယင်လုံအိမ်သာများတည်ဆောက် ပေးသွားရန်လိုသကဲ့သို့ ဝမ်းရောဂါကာကွယ်ဆေးနှင့် ကုသဆေးများကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ သန့်ရှင်းသည့် သောက်သုံးရေများရရှိ စေရေးအတွက်မိမိတို့အနေဖြင့် ရေသန့်များဖြန့်ဝေပေးသကဲ့သို့ နိုင်ငံတကာမှ ရေသန့် စက်များရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရေသန့်များလုံလောက် စွာမရရှိနိုင်သေးသည့်အချိန်တွင် ရေကိုကျိုချက်သောက်သုံးနိုင်ရေးဆောင် ရွက်ပေး သွားရန်လည်းလိုကြောင်း၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်မှုအဆင်ပြေစေရေး နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ တာဝန်ရှိသူများ ကလည်း အလေးထားပြီး ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယာယီနေထိုင်သည့်အချိန်တွင်လည်း မိသားစုအလိုက် လုံခြုံမှုရှိစွာဖြင့်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဘက်ပေါင်းစုံမှစဉ်းစား၍ လိုအပ်သည်များအားလုံးကို စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားသည်။


#MyanmarEartquake

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages