အီရန် နျူ့ကလီးယားအရေး အိုမန်မှာ စပြီး ဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

အီရန် နျူ့ကလီးယားအရေး အိုမန်မှာ စပြီး ဆွေးနွေး

055

ဧပြီ - ၁၃ ( တနင်္ဂနွေနေ့ ) 

အီရန်နျူ့ကလီးယား စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ဖို့အတွက် ဆွေးနွေးမှုကို အိုမန်နိုင်ငံက မက်စ်ကတ်မြို့မှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒိတွေ့ဆုံမှုက အမေရိကန်နဲ့ အီရန်နိုင်ငံ ကြား ပထမဆုံး သံတမန်ရေးရာတွေ့ဆုံမှုဖြစ်ပါတယ်။ 

နှစ်နာရီခွဲကြာ ဆွေးနွေးပွဲကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေးရက်အာဘာစ် အာရက်ဟီချီ နဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ အိမ်ဖြူတော် အထူးသံတမန် စတိဝစ်ကော့ဖ် တို့က ဦးဆောင်ခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုများကို အိုမန်နိုင်ငံမှာ ကြားခံလူများနဲ့ တွေ့ဆုံခဲ့ပြီးမှ တရားဝင် ဆွေးနွေးပွဲများစခဲ့တာပါ။ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲများဖြစ်သည့် အာရက်ဟီချီ နဲ့ ဝစ်ကောဖ် တို့က အိုမန် နိုင်ငံခြားရေးဝန်ကြီး ဘာဒရာအယ်ဘူဆိုက်ဒီ ရှေ့မှောက်၌ မျက်နှာချင်းဆိုင် စကားပြောကြားခဲ့ပါတယ်။ 

မက်စ်ကတ်မြို့ တွင် သတင်းထောက်များအား မိန့်ခွန်းပြောကြားရာတွင် အာရက်ဟီချီက ပထမအကြိမ် စေ့စပ်ညှိနှိုင်းမှုအား အပြုသဘောဆောင်တယ်လို့ ပြောခဲ့ပြီး "ငြိမ်သက်ပြီး အလွန်လေးစားဖွယ်ကောင်းသော ပတ်ဝန်းကျင်တွင် ကျင်းပခဲ့ပါတယ်" လို့ ဆိုပါတယ်။ 

“မသင့်လျော်တဲ့ဘာသာစကားကို အသုံးမပြုခဲ့ဘဲ နှစ်ဖက်သဘောတူထားတဲ့ တူညီတဲ့ အနေအထားကနေ အောင်မြင်မှုမရမချင်း ဆွေးနွေးပွဲကို အရှိန်မြှင့်ဖို့ ကတိကဝတ်တွေကို သက်သေပြခဲ့ပါတယ်” လို့ အီရန်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။  အာရက်ဟီချီ ရဲ့ အဆိုအရ နှစ်ဖက်စလုံးသည် လာမည့်ဆွေးနွေးပွဲများတွင် အနာဂတ် သဘောတူညီချက်အတွက် ယေဘုယျမူဘောင်တစ်ခုကို အကြမ်းဖျင်းဖော်ပြရန် ရည်ရွယ်ထားကြောင်း နဲ့ ဒုတိယအစည်းအဝေးကို ဧပြီလ ၁၉ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရပါတယ်။ “နောက်တစ်ကြိမ် ဆွေးနွေးပွဲမှာ စေ့စပ်ညှိနှိုင်းရေး အစီအစဉ်မှာ ပါဝင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ၊ အဲဒါနဲ့ တွဲပြီး အချိန်ဇယားတစ်ခု ရှိမှာပါ” လို့ ဆိုပါတယ်။ 

စနေနေ့ညက Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် စကားပြောရာတွင် သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နဲ့ ဆွေးနွေးမှုမှာ “အဆင်ပြေပါတယ်” လို့ ဆိုထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages