နေပြည်တော်၊ ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊လေဆိပ်ဟောင်းနေရာ၌ အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ များအား ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသ မှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ထွက်ခွာကြမည့် Lt. Col. Jagneet Gill ဦးဆောင်သည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တိုင်းမှူးတို့သည် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးကြ၍ အိန္ဒိယတပ်မတော်ဆေးကုသရေး အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
အလားတူ ညနေပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့မှ ပြန်လည်ထွက်ခွာမည့် မန္တလာသီရိ အားကစားကွင်းတွင် အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသမှု များ ဆောင်ရွက်ပေးခဲ့သည် Major General Sergey Voroutsov ဦးဆောင်သည့် ရုရားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့အား သွားရောက် တွေ့ဆုံ နှုတ်ဆက်သည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ရုရားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment