ဧပြီ - ၁၃ ( တနင်္ဂနွေနေ့ )
ရိုက်တာ သတင်းတစ်ရပ်မှာ ယူကရိန်းနိုင်ငံကို ဖြတ်သွားတဲ့ ဥရောပကို တင်ပို့နေတဲ့ ရုရှားဂတ်စ်ပိုက်လိုင်းတွေကို အမေရိကန်က ထိန်းချုပ်ခွင့် ရချင်တယ်ဆိုပြီး ယူကရိန်းအစိုးရကို အမေရိကန် အစိုးရက တောင်းထားတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒိကိစ္စက ယူကရိန်းနဲ့ အမေရိကန်တို့ သဘောတူထားတဲ့ မြေရှားသတ္တု တူးဖော်ရေး ကိစ္စနဲ့ မပတ်သက်ဘူးလို့လည်း အမေရိကန်ဘက်က ဆိုထားပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်က ယူကရိန်းကို ပေးထားတဲ့ စစ်ရေးဆိုင်ရာ အကူအညီတွေကို ပြန်ပြီး အကြွေးဆပ်တဲ့ သဘောမျိုးသာဖြစ်တယ်လို့ ထရမ့်အစိုးရက ဆိုထားပါတယ်။ ကန်ဒေါ်လာ ဘီလီယံပေါင်း ရာနဲ့ချီပြီး ထောက်ပံ့ထားတာဖြစ်လို့ ယူကရိန်းရဲ့ သဘာဝသယံဇာတတွေကို အမေရိကန်အနေနဲ့ တူးဖော်ခွင့်ရှိကြောင်းလည်း ပြောပါတယ်။
REF: ABPs
https://t.me/MyanmarNationalPost
No comments:
Post a Comment