စစ်ကိုင်း၊ ဧပြီ ၄
သက်တော် (၈၉)နှစ် အရွယ်ရှိပြီဖြစ်သော သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် (၃.၄.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဒါဏ်ကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ သယမ္ဘူစေတီတော်၊ ဆွမ်းဦးပုညရှင်စေတီတော်၊ စစ်ကိုင်းမြို့ပေါ်ရှိ ထူပါရုံစေတီတော်၊ ဆင်များရှင်စေတီတော်၊ မင်္ဂလာမဟာစေတီတော်နှင့် စည်းခုံကြီးစေတီတော်သို့ သွားရောက်စစ်ဆေးကြည့်ရှူ့တော်မူခဲ့ကြောင်း သိရသည်။
ထို့နောက်ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ကြီးများ သီလရှင်ကျောင်းများ သုံးရေ အဆင်ပြေစေရန် သီတဂူရေအလှူတော် လုပ်ငန်းများကို အမြန်ဆုံးလည်ပတ်ရန် တိုက်တွန်းတော်မူသည်။
မြစကြာစာသင်တိုက်မှ သံဃာတော်များ သုံးရေအဆင်ပြေကြောင်း ကြားသိရသည့်အတွက် ဝမ်းမြောက်တော်မူသည်။
ငလျင်ဒါဏ်ကြောင့် ရေပိုက်လိုင်းတစ်ချို့ပျက်စီးသွားသည့်အတွက် သီလရှင်ကျောင်းများ ဘုန်းကြီးကျောင်းများ ရေအခက်အခဲဖြစ်ရကြောင်းကို ကြားသိရသည်။
တစ်ချို့ရေပိုက်လိုင်းများသည် ပြိုကျသွားသည့် ကျောင်းများအောက်ရောက်ရှိနေသည့်အတွက် လုပ်ငန်းများ အနည်းငယ် နှောင့်နှေးနေရသည်။
ရေပိုက်လိုင်းများ အမြန်ဆုံးပုံမှန်လည်ပတ်နိုင်ရန်အတွက် သီတဂူရေဝန်ထမ်းများမှ တောက်လျှောက်ဆောင်ရွက်နေသည်။
ကျန်းမာရေးစောင့်ရှာက်မှုတွင်လည်း သီတဂူအာယုဒါနဆေးရုံတော်တွင် ရုရှားနိုင်ငံမှ လာရောက်လုပ်အားပေးသော အရိုးအကြောအဆစ် ခွဲစိပ်ပါရဂူ (၂)ဦး၊ အထွေထွေခွဲစိပ်ပါရဂူ(၂)ဦး၊ သီတဂူအာယုဒါနဆေးရုံတော်မှ ဆရာဝန်ကြီး(၂)ဦးနှင့် သီတဂူဆေးရုံတော် သူနာပြုများက ငလျင်ဒါဏ်သင့် စစ်ကိုင်းမြို့နှင့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူဝတ်ကြောင်များကို အခမဲ့ စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးနေသည်။
အနယ်နယ်အရပ်ရပ်မှ ဝိုင်းဝန်းလှူဒါန်းကြသော ဒကာ၊ ဒကာမ အလှူရှင်များကို သီတဂူသာသနာပြုအဖွဲ့က ကျေးဇူးအထူးတင်ရှိပါကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment