ဧပြီ - ၅ ( စနေနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီသူပုန်တွေကို ဗုံးကျဲတိုက်ခိုက်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တစ်ခုမှာ တင်ခဲ့ပါတယ်။ မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူး ထားသည့် ဗီဒီယိုသည် ကျေးလက်ဒေသရှိ ဘဲဥပုံဧရိယာ တစ်ခုအတွင်း လူဒါဇင်ပေါင်းများစွာ ရပ်နေသည်ကို ပြသထားပါတယ်။
ဗုံးတစ်လုံး ကောင်းကင်ကနေ ပြုတ်ကျပေါက်ကွဲပြီး မီးတောက်ကြီးတစ်ခုတက်လာတာကို တွေ့လိုက်ရပါတယ်။ ပြီးနောက်မှာတော့ ယာဉ်၂ စီး နဲ့ လူတွေကို မတွေ့ရတော့ပါဘူး။"အဲ့ဒိလူအုပ်စုက ဟူသီသူပုန်တွေပါ။ သူတို့က တိုက်ခိုက်မှုတစ်ခုလုပ်ဖို့အတွက် လမ်းညွှန်ချက်ပေးဖို့ စုရုံးနေတာပါ။ အခုတော့ ဒီဟူသီတွေ တိုက်ခိုက်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ သူတို့က ငါတို့သင်္ဘောတွေကို ဘယ်တော့မှ မနစ်မြုပ်နိုင်တော့ပါဘူး” လို့ သမ္မတက သူ့ရဲ့ ဗီဒီယိုမှာ ပုံစာရေးတင်ထားပါတယ်။
အဲ့ဒါနဲ့ပတ်သက်ပြီး အချို့သူတွေက ဗီဒီယိုရှိလူများသည် လူမျိုးစု စုရုံးမှုပြုလုပ်တဲ့ အရပ်သားများဖြစ်ကြောင်း ဆိုပြီး အဲ့လိုစုရုံးမှု ပြုလုပ်တဲ့ စုဝေးမှု ပုံတွေကို တင်ပြခဲ့ပါတယ်။
ဟူသီတွေက ယီမင်မြို့တော် ဆာနာ အပါအဝင် ယီမင်၏ အစိတ်အပိုင်း အတော်များများကို ထိန်းချုပ် ထားပါတယ်။ ဟူသီတွေက ဂါဇာရှိ ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုရှိတယ်ဆိုတာကို ပြသတဲ့အနေဖြင့် ပင်လယ်နီကမ်းလွန် ဘတ်အယ်လ် မန်ဒက် ရေလက်ကြားရှိ ကုန်သည်သင်္ဘောများကို တိုက်ခိုက်ပြီး အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်လျက်ရှိပါတယ်။
အဲ့ဒိရေလက်ကြားက အရေးပါတဲ့ ရေကြောင်းသွားလာရေး ဧရိယာဖြစ်ပြီး ရေကြောင်းသွားလာမှု ဘေးကင်းရေးကို ပြန်လည်လုပ်ဆောင်မယ်လို့ ထရမ့်က ကတိပြုထားပြီး ပြီးခဲ့သည့်လက ယီမင်ရှိ ဟူသီလက်နက်ကိုင်တွေကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ "မင်းရဲ့တိုက်ခိုက်မှုတွေ ရပ်သွားရမယ်… သူတို့မလုပ်ရင် ငရဲက မင်းအပေါ် မိုးရွာလိမ့်မယ်" လို့ ထရမ့်က မတ်လအတွင်းမှာ ၎င်းရဲ့ Truth လူမှုကွန်ယက် တွင် ရေးသားခဲ့ပါတယ်။
ဟူသီစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ယာဟိုင်ယား ဆာရီး က ၎င်းတို့သည် ဖိနှိပ်ခံရသော ပါလက်စတိုင်း ပြည်သူများအပေါ် ၎င်း၏ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် လူသားချင်းစာနာမှုဆိုင်ရာ တာဝန်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း သောကြာနေ့တွင် ထပ်လောင်းပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment