မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၅) - MyanmarNationalPost

.com/img/a/

News Agency

demo-image

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၅)

015

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၅)

၁။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ် ခဲ့သော အင်အားပြင်းငလျင်နှင့် ယင်း၏နောက်ဆက်တွဲ ငလျင်များ ကြောင့် များစွာသော အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများ နှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှု၊ ပူဆွေးသောကရောက်မှုများအတွက် ပြည်သူလူထု တစ်ရပ်လုံးနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းကြေကွဲရပါသည်။

၂။ ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများတွင် တိုက်တာအဆောက် အအုံများ၊ လူနေအိမ်များ၊ အစိုးရရုံးများ၊ တက္ကသိုလ်များ၊ စာသင် ကျောင်းများ၊ ဘုရားပုထိုးစေတီများ၊ ဘာသာရေးအဆောက်အအုံများ၊ ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများနှင့် လမ်းတံတား၊ ရေတွင်း ရေကန်များ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားချိန်မှစတင်၍ နိုင်ငံတော်အစိုးရ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ပြည်တွင်း ပြည်ပ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များနှင့် မိဘပြည်သူများက အရေးပေါ်တုံ့ပြန်ဆောင်ရွက် မှုများပြုလုပ်ခဲ့ခြင်း၊ စေတနာရှင်၊ အလှူရှင်များက အလှူငွေများနှင့် ဆေးဝါးပစ္စည်းစသည်တို့ကို ရက်ရောစွာပေးအပ်လှူဒါန်းခြင်း၊ နိုင်ငံ တကာမှ ကူညီကယ်ဆယ်ထောက်ပံ့ပေးခြင်းများသည် ထိခိုက်ခံစား ရသူများအတွက် စိတ်ဓာတ်ခွန်အားနှင့် ဆက်လက်ရှင်သန်ရပ်တည် ရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့်လက်တွဲကာ ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီပံ့ပိုးရေးအတွက် တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

၃။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိပြည်သူလူထုအား စာနာထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုကိုရှေးရှုလျက် တပ်မတော်အနေ ဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ၂၂ ရက်နေ့အထိ ကာလကို ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ခြင်းသည် ငလျင်ဒဏ် ခံစားရသည့် ဒေသများ၌ အရေးပေါ်လိုအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးကူညီရန် ပိုမို လွယ်ကူချောမွေ့စေခြင်း၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် လူ့အခွင့်အရေး အခန်းကဏ္ဍများကို အထောက်အကူဖြစ်စေ ခြင်းတို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက် အား ကော်မရှင်က ကြိုဆိုအပ်ပါသည်။

၄။ ပြင်းထန်ငလျင်ဒဏ်ကြောင့် ပြည်သူများ၏ အသက်အန္တရာယ် နှင့် လုံခြုံမှုထိခိုက်ဆုံးရှုံးခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးပစ္စည်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသောရေအပါအဝင် အခြေခံလိုအပ်ချက်များ လုံလောက်မှု မရှိခြင်းနှင့်အတူ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား ရခြင်း စသည့်လူ့အခွင့်အရေးနှင့် ဆက်နွှယ်သော စိန်ခေါ်မှုများ ဖြစ်ပေါ်စေပါသည်။ အဆိုပါစိန်ခေါ်မှုများနှင့်ပတ်သက်၍ သက်ဆိုင် သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများက လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာတွင် ထိခိုက် လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် ငလျင်ဘေး ထိခိုက်ခံစားရသူများအားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ သာတူညီမျှ ရှိစေရေး အလေးပေးဆောင်ရွက်ကြပါရန် လူ့အခွင့်အရေးရှုထောင့်မှ တိုက်တွန်းပန်ကြားအပ်ပါသည်။


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages