နန်နင်းမြို့၊ ဧပြီ ၁၄
၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ ငလျင်ဘေးသင့်ပြည်သူများအတွက် တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေး မှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Liuyao Group Co., Ltd နှင့် Nanning Shanglin County Yingfu Agricultural and Sideline Products Co., Ltd. တို့မှ ယွမ် (၁,၅၈၂,၉၇၉) တန်ဖိုးရှိ ဆေးဝါးများနှင့် Guangxi Yiyi Bu She Technology Co., Ltd. မှ ယွမ် (၂၀,၄၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက်ထုပ်များကိုလည်းကောင်း၊ ကွမ်ရှီးဒေသစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Supply Chain Service Group Co. Ltd. မှ ယွမ်(၂၀,၀၀၀)၊ Guangxi Resources Recycling Association နှင့် Luo Zhuang Yuan Food Co. Ltd. မှ ခရုခေါက်ဆွဲ (၃,၀၀၀)၊ Guangxi Dazhou International Logistic Co. Ltd. မှ ယွမ်(၅,၀၀၀)နှင့် Guangxi Fuxing Kang Supply Chain Co. Ltd. မှ လှူဒါန်းငွေ ယွမ်(၂၀,၀၀၀)တို့ကို လည်းကောင်း၊ Green Globe Agri (Guangxi) Technology Co., Ltd. မှ ယွမ် (၅၀,၀၀၀) ကိုလည်းကောင်း လာရောက်လှူဒါန်းခဲ့ရာ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက လက်ခံခဲ့ကာ ကျေးဇူးတင်မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက လက်ခံရရှိထားသော လှူဒါန်းပစ္စည်းများအနက် The first Affiliated Hospital of Guangxi Medical University မှ လှူဒါန်းသော တစ်ခါသုံး ဆေးထိုးအပ် များ၊ ဆေးပစ္စည်းများ၊ Guangxi Orient Daytonz Imp. And Exp. Col, Ltd.မှ လှူဒါန်းသော အဝတ်အထည်များ၊ ၊ Donguang Human Federation of Overseas Chinese မှ လှူဒါန်းသောရှပ်အင်္ကျီများနှင့် ရှမန်တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာရေးဌာနမှ မြန်မာစာ ကျောင်းသား/သူများက လှူဒါန်းသော ခြင်ထောင်များ၊ စုစုပေါင်း လှူဒါန်းပစ္စည်း (၃.၂) တန်ကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ၁၃-၄-၂၀၂၅ ရက်နေ့တွင် နန်နင်း မြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - 3U9383 ဖြင့် ဆက်လက် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ လှူဒါန်းပစ္စည်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းမှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းစိုးထံ ဆက်လက် လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ငလျင်ဘေး သင့်ဒေသများရှိ ပြည်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
#News #MandalayEartquake
https://t.me/MyanmarNationalPost
No comments:
Post a Comment